ပူတာအိုမြို့နယ်ရှိ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ပူတာအိုမြို့နယ်ရှိ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 
နေပြည်တော်၊ ဇန်နဝါရီ - ၁၈

 
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး က ပူတာအိုတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။