ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု အခြေအနေများအားကြည့်ရှု၊ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ပေါက်တောမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု အခြေအနေများအားကြည့်ရှု၊ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ - ၁၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ အားကစားရုံအနီး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုနှင့် စေတနာရှင်ပြည်သူများ၏ ပါဝင်လှူဒါန်းမှုဖြင့် တည်ဆောက်သည့်အောက်ဆီဂျင်စက်ရုံ တပ်ဆင်တည်ဆောက် နေမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေါက်တော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့မှ ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများပြန်လည် ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။