ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC ဆေးအား မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန်ဖြူး

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC ဆေးအား မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန်ဖြူး

နေပြည်တော်၊ ဩဂုတ် - ၁၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOVAC ဆေးများအား ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိရာ အဆိုပါဆေးပစ္စည်းများအား ယနေ့မွန်းလွဲပိုင်းတွင် မြေပြင်ခရီးလမ်းကြောင်းဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ဆေးပုံး ၁၅ ပုံး၊ ဆေးအလုံးရေ ၂၇၁၆၉ လုံးနှင့်၊ ပြည်မြို့သို့ ဆေးပုံး ၁၀ ပုံး၊ ဆေးအလုံးရေ ၁၂၀၀၀ လုံးတို့အား Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသည်။

ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်.၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံနိုင်ရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

အလားတူ ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေး လေယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီး များဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။