ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ဆူပူအကြမ်းဖက်သူလူစုလူဝေးအားလူစုခွဲစဉ် ပြန်လည်ရန်ပြုအကြမ်းဖက်သဖြင့် ဒုရဲအုပ် ၁ ဦးကျဆုံး၊ ရဲတပ်သား ၃ ဦးဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ဆူပူအကြမ်းဖက်သူလူစုလူဝေးအားလူစုခွဲစဉ် ပြန်လည်ရန်ပြုအကြမ်းဖက်သဖြင့် ဒုရဲအုပ် ၁ ဦးကျဆုံး၊ ရဲတပ်သား ၃ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မတ်လ၁၄
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်၊ မဂ္ဂတစ်လမ်းဆုံ၌ ဦးဆောင်သူ (စိစစ်ဆဲ) လူစုလူဝေးအင်အား ၁၀၀ ဦးခန့်သည် အများပြည်သူသွားလမ်းမအားအတားအဆီးများဖြင့် ကာရံပိတ်ဆို့ပြီးသွားလာ၍ မရအောင်ပြုလုပ်၍နိုင်ငံတော်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ကာဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအားဥပဒေနှင့်အညီထိန်းသိမ်းနိုင်ရေးသွား ရောက်ဆောင်ရွက်ခဲ့ပါ သည်။
    
အဆိုပါဆူပူဆန္ဒပြလူစုလူဝေးများအားလူစုခွဲရန် ဥပဒေနှင့်အညီညှိနှိုင်းဖြေလျော့ခဲ့သော်လည်း ဖြေလျော့နေစဉ် အတွင်းမှာပင်လက်မခံဘဲ လူအုပ်စုအတွင်းမှ အုတ်ခဲ၊ ကျောက်ခဲ၊လောက်လေးခွ၊ အမျိုးအစားစီစစ်ဆဲ သေနတ်တို့ဖြင့်အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့ရာဒုရဲအုပ် ကျော်နိုင်ဦးမှာ ယာဘက်ရင်ဘတ်ထိခိုက်ဒဏ်ရာရရှိကာကျဆုံးခဲ့ပြီးရဲတပ်သားတင်ဇာမျိုး၊ ရဲတပ်သား ရဲလင်းအောင် နှင့် ရဲတပ်သားအောင်ကျော်လင်းတို့မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်းနင်းရေးလုပ်ငန်းစဉ်များနှင့်အညီ လူစုခွဲခဲ့ရ ပါသည်။
    
ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ အမျိုးသား၃ဦး(စိစစ်ဆဲ)မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီးဆူပူဆန္ဒပြသူအမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်း ရမိခဲ့ သည့်အတွက်  ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
    
ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အတွင်းထိခိုက်ဒဏ်ရာရရှိကာကျဆုံးခဲ့သူဒုရဲအုပ် ကျော်နိုင်ဦး၏ ခန္ဒာကိုယ်အားရင်ခွဲစစ်ဆေးရာဝဲဘက်လက်မောင်းမှတဆင့် နံရိုးနံပါတ် ၈ နှင့် ၉ ကြားမှ ဖောက်ဝင်ကာအူလမ်းကြောင်းအားဖြတ်၍ ဆီးအိမ်အနီး၌ ကျည်ဆန်ထိပ်ဖူးအားတွေ့ရှိရကြောင်း၊ တွေ့ရှိရသည့် ကျည်ဆန်ထိပ်ဖူးမှာပွိုင့် ၂၂ ကျည်ဆန်ထိပ်ဖူးဖြစ်ပြီး အမဲပစ်သေနတ်များ တွင် အသုံးပြုပစ်ခတ်သောကျည်အမျိုးအစားဖြစ်ကြောင်းနှင့် ကျန်ဒဏ်ရာရရှိသူရဲတပ်ဖွဲ့ဝင် ၃ ဦး၏ ဒဏ်ရာများအားနီးစပ်တပ်မတော်ဆေးရုံ၌ ကုသပေးလျက် ဒဏ်ရာအခြေအနေကိုလည်း စိစစ် ဖော်ထုတ်လျက်ရှိသည်။ 
    
ယခုကဲ့သို့ တရားဉပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်း သာယာရေး ဆောင်ရွက်နေသည့် ဉပဒေ ဘက်တော်သားတစ်ဉီးအား သေစေပြီး ရဲတပ်ဖွဲဝင်၃ ဉီးပြင်း ထန်စွာဒဏ်ရာ ရသည်ထိ မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်မှုများအတွက် ဖမ်းစီးရမိသူများနှင့် ဆက်စပ် တရားခံများအားဖော်ထုတ်လျက်ဉပဒေနှင့်အညီ ထိရောက်စွာအရေး ယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။