ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအား ဖြိုခွဲရှင်းလင်းရာမှ အကြမ်းဖက်အဖွဲ့အစည်းအသုံးပြုသည့် လက်လုပ်မိုင်းများနှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအား ဖြိုခွဲရှင်းလင်းရာမှ အကြမ်းဖက်အဖွဲ့အစည်းအသုံးပြုသည့် လက်လုပ်မိုင်းများနှင့် WY ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ်လ ၁၄
    
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသည့် အကြမ်းဖက် လူအုပ်စုတို့သည် ဆူပူအကြမ်းဖက်မှု အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လာကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ထိပ်တိုက်ရန်ပြုအကြမ်းဖက်မှုများကို  ပိုမိုတိုးမြှင့်လုပ်ဆောင်လာ လျက်ရှိ သည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်လည်း ပြည်မြို့၊ ပြည်သာယာရပ်ကွက် ရွှေတစ်ချောင်းလမ်းမပေါ်တွင် လူစုလူဝေး များဖြင့် ဆူပူလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ လူစုခွဲခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။
    
၎င်းဖြစ်စဉ်တွင် ပါရှိခဲ့သူ ထက်ဝေယံ(ခ) အိုးလေး (၂၃)နှစ် (ဖ)ဦးအေးချို၊ ပြည်မြို့နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ သတင်းဖော်ထုတ်မှုအရ အကြမ်းဖက်အဖွဲ့အနေဖြင့် အသုံးပြုသည့် လက်လုပ်မိုင်း ၂၆ လုံး၊ အဆိပ်ငွေ့ဗုံး ၂ လုံး၊ ဓား ၂ ချောင်း၊ ဒိုင်း ၆ ခု၊ ကျည်ကာ ၃ ခု၊ မီးသတ်ဆေး ဘူး ၇ ဘူး၊ အခြားပစ္စည်းမျိုးစုံ ၇ မျိုးနှင့် WY စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉ ပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့၍ ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
အကြမ်းဖက်ဆူပူသူများအနေဖြင့် အသက်အန္တရာယ်ရှိသော လက်နက်များကို အသုံးပြုခြင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများကို ကိုယ်တိုင်သုံးစွဲခြင်း၊ လူငယ်လူရွယ်များထံ ဝေငှ၍ သောက်သုံး စေခြင်း ဖြင့် အမှားအမှန်ခွဲခြားနိုင်မှုမရှိ၊ ဆင်ခြင်ပိုင်းခြားနိုင်မှုမရှိအောင် သွေးထိုးလှုံ့ဆော် ဆောင်ရွက် လာခြင်း ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ သားသမီးများ၊ ဆွေမျိုးများ အကြမ်းဖက်မှုတွင် မပါဝင်စေ ရေး အသုံးချခံမဖြစ်စေရေး လိုအပ်သလိုထိန်းသိမ်းဆောင်ရွက်ကြရန် အသိပေးထုတ်ပြန် အပ်ပါသည်။