ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး
 
နေပြည်တော်၊ ဇူလိုင် ၆
 

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၅ ရက် ည ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၆၃၀ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ကာ ထွက်ခွာသွားခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာနေ ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဆရာ၊ဆရာမများ နားနေဆောင် ပေ ၂၀ ပတ်လည် ၂ ခန်းတွဲမှ အခန်း တစ်ခန်းနှင့် စာကြည့်တိုက်အခန်းအတွင်းရှိ ၃ ထပ်သားပြား ၂ ချပ်၊ စားပွဲခုံ ၁ လုံး၊ စာရွက် စာတမ်း များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။