ပဲခူးမြို့၊ မီးရထားရဲစခန်းအားလူစုလူဝေးမှ အကြမ်းဖက်ရန်ပြုမီးကွင်းပစ်ခတ်မှုအားလူစုခွဲ

ပဲခူးမြို့၊ မီးရထားရဲစခန်းအားလူစုလူဝေးမှ အကြမ်းဖက်ရန်ပြုမီးကွင်းပစ်ခတ်မှုအားလူစုခွဲ

နေပြည်တော်၊ မတ်လ၁၄
    
နိုင်ငံတော်အတွင်းတည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသော အကြမ်းဖက်ရမ်းကားသည့် လူအုပ်စုများ သည် အချို့ မြို့ကြီးများနှင့် မြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများ နှင့် လူနေရပ်ကွက်နှင့် ဆက်စပ်လျက်ရှိသည့် ရဲတပ်ဖွဲ့ စခန်းများ သို့ စီးနင်းဝင်ရောက်ခြင်း  အကြမ်းဖက်ရန်ပြုခြင်းများ ကိုတစ်နေ့ တစ်ခြား ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေ သည်ကိုတွေ့ရှိရပါသည်။
    
ယနေ့နေ့လည် ၁နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးမြို့၊ ပဲခူးဘူတာနှင့်ကိုက် ၁၅၀ ခန့်အကွာရှိပဲခူးမီးရထားရဲစခန်းအားဦးဆောင်သူ (စိစစ်ဆဲ)၊ ဆူပူအကြမ်းဖက်သူအင်အား ၂၀၀ ဦးခန့်သည် ဂျင်ကလိ၊ လေးခွ၊ မီးကွင်းတို့ဖြင့် အကြောင်းမဲ့ အော်ဟစ်ဆဲဆိုကာ အကြမ်း ဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့ကြသဖြင့် မီးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များမှဆူပူ အကြမ်းဖက် သူလူစု လူဝေးအားခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရပါသည်။
    
ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ မီးကွင်းဖြင့်ပစ်ခတ်မှုကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိသော်လည်းမီးကွင်းမှာစခန်းအတွင်းရှိအမှိုက်ပုံပေါ်သို့ ကျရောက်မီးလောင် ခဲ့ သဖြင့် တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်းနှင့် မီးရထားရဲစခန်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ကာလုံခြုံရေးရယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။