ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိသူကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိသူကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 
ပျဉ်းမနား ၊ အောက်တိုဘာ - ၁၄

 
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ်နစ်နာမှုမရှိစေရေး အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းမှ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် တွင် အသက် ၁၂ နှစ်အထက်ရှိ သူကျောင်းသား/သူများအား ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမ္မာန်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း များပြုလုပ်ပြီး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။