ပြင်သစ်လိဂ်ဖလားပြိုင်ပွဲကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် နိုက်စ်အသင်းအား လျှော့မတွက်ထားကြောင်း ပီအက်စ်ဂျီအသင်းနည်းပြ အန်းနရစ်ပြော

 

ပြင်သစ်လိဂ်ဖလားပြိုင်ပွဲကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမည့် နိုက်စ်အသင်းအား လျှော့မတွက်ထားကြောင်း ပီအက်စ်ဂျီအသင်းနည်းပြ အန်းနရစ်ပြော

ပီအက်စ်ဂျီအသင်းနည်းပြအန်းနရစ်က  ပြင်သစ် လိဂ်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ရင်ဆိုင်ရမည့် နိုက်စ်အသင်းနှင့်ပွဲစဉ်ကို ဗိုလ်လုပွဲကဲ့သို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး   လျှော့မတွက်ထားကြောင်း   ပြောသည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လိဂ်ဖလားပြိုင်ပွဲ ကို ၁၄  ကြိမ်အထိ ဆုဖလားဆွတ်ခူးဖူးပြီး  ၂၀၂၁  ခုနှစ်က နောက်ဆုံးဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ဒီပြိုင်ပွဲက    စိတ်ဝင်စားစရာကောင်းပါတယ်။ ရှုံးထွက်ပြိုင်ပွဲဖြစ်တာနဲ့အညီ တစ်သင်းကတော့ ပြိုင်ပွဲက နှုတ်ထွက် ရမှာပါ။ ဒါကြောင့်  ပွဲစဉ်တိုင်းကို  ဗိုလ်လုပွဲ လိုသဘောထားပြီး ကစားရပါမယ်။ ပြင်သစ်မှာလည်း ပရိသတ်တွေ သဘောကျတဲ့သမိုင်းဝင်ပြင်သစ်ဖလား ပြိုင်ပွဲက  တော်တော်ဆွဲဆောင်မှုရှိပါတယ်။ ဒီပြိုင်ပွဲက ခက်ခဲပါတယ်။  မိနစ် ၉၀ ပြည့်လို့အနိုင်အရှုံးမပေါ်ရင် ပယ်နယ်တီအဆုံးအဖြတ်ယူရတဲ့အထိ    စိတ်ဝင်စား ဖို့ကောင်းပါတယ်ဟု နည်းပြအန်းနရစ်ကပြောသည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတွင်  အမှတ်ပေးဇယားထိပ်ဆုံးမှ ၁၀  မှတ်ဖြတ်ကာ ဦးဆောင်နေပြီး  နိုက်စ်အသင်းနှင့်   ပြင်သစ်ရှုံးထွက် ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက်    အားထားရသည့် တိုက်စစ်ကစားသမား အူစမာဒမ်ဘီလီသည် အသင်းနှင့်ပွဲဦးထွက် ရာသီ၌ပင်  ခြေစွမ်းပြနေသူဖြစ်ပြီး ယခု ဘောလုံးရာသီတွင် အသင်းအတွက် ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ     ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Ref;soccer news