ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၁၈

  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြို့တော် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြင်ဦးလွင်ခရိုင် အတွင်း ကိုဗစ်-၁၉ ရေဂါဖြစ်ပွားမှု နှုန်းကျဆင်းရေး၊ ပြင်ဦးလွင်မြို့အား ပန်းမြို့တော်၊ အပန်းဖြေမြို့တော်၊ စိုက်ပျိုးရေးမြို့တော်ဖြစ်အောင် မြို့သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆွေးနွေးပြောကြား သည်။

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေသည့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း အား ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။