ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်

၁။ ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ စလင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့၏ မဲဆန္ဒရှင်စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ ရရှိ/ သုံးစွဲ/ လက်ကျန် မြေပြင်အခြေအနေများကို စစ်ဆေးခဲ့သည်။

၂။ မဲဆန္ဒရှင်စာရင်း စစ်ဆေးချက်များအရ မကွေးတိုင်းဒေသကြီး အတွင်းရှိ အဆိုပါ မြို့နယ် ၇ မြို့နယ်တွင် ယခင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၈၄၉၁၉၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၈၀၁၁၂၁ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၄၁၆၁၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၈၅၄၇ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၁၀၀၄၂၆ ဦး ဖြစ်သည်။

၃။ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်း စစ်ဆေး တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-