ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် - ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်းနှင့် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုတွင် နိုင်ငံတော်၏ရငွေပိုင်းနှင့် ပတ်သက်၍ သာမန်ရငွေများ၊ ချေးငွေနှင့် ထောက်ပံ့ငွေများဟူ၍ ၃ ပိုင်းရှိ ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်း ချေးငွေများ လုံးဝချေးယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေအနေဖြင့်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်း ရောက် မှသာ အနည်းငယ် ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့ကြောင်း။
အဆိုပါအချက်များကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးသည် ပြည်တွင်းအင်အားအပေါ်၌သာ လုံးဝတည်မှီလျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ ယခင်ကလည်း ပြည်တွင်းအားကို အဓိကထား၍သာ နိုင်ငံစီးပွား တိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြရကြောင်း၊ ယင်းတွင် ကုန်ထုတ်လုပ်မှုများနှင့် သယံ ဇာတများ ရောင်းချခြင်းတို့ပါကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် သယံဇာတရောင်းချ ခြင်းကို အတတ်နိုင်ဆုံးထိန်းထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားရေးမှာ ပြီးခဲ့သည့် ကာလများအတွင်း အထိုက်အလျောက် တိုးတက်မှု ရှိခဲ့ပြီးဆက်လက်၍လည်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လည်း ၄ ရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း၊ လက်ရှိ ဆောင်ရွက် နေသည့် ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဆိုပါက ထပ်မံ တိုး တက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည်ရုန်းထွက်ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ဈေးကွက်သေချာမှုရှိသည့် ကုန်ထုတ် လုပ်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းသည် ခိုင်မာသည့် ဈေးကွက်ရှိပြီး ကမ္ဘာတစ်ဝန်းလိုအပ်လျက်ရှိသော Food Security ကိုလည်း ထောက်ပံ့ ပေးနိုင်သောကြောင့် သေချာသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် သေချာသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့နိုင်ငံ၏စီးပွားရေးမှာ ထပ်မံ တိုးတက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ အလိုက် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံမှာကြားဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးလုပ်ငန်းများမှာ အမှန် တကယ် တိုးတက်လာမည်ဖြစ်ကြောင်း။
စိုက်ပျိုးမြေများသုံးစွဲမှုနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယင်းပြဿနာကို အစိုးရအဆက်ဆက်ဖြေရှင်းခဲ့ကြသော် လည်း ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း၊ မြေအသုံးချမှုနှင့် ပတ်သက်၍ မှန်မှန်ကန် ကန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ထိန်း သိမ်းဆောင်ရွက်သွားရန်လိုကြောင်း။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်အတွက် စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင် သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည် တွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးခြင်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီစက်များအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ စားသုံး ဆီဖူလုံမှုရှိရမည်ဖြစ်ကြောင်း၊ အလားတူ စက်သုံးဆီ များကိုလည်း ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ စက်သုံးဆီသုံးစွဲမှုများကိုလျှော့ ချနိုင်ရန်အတွက် လျှပ်စစ်ဓာတ် အားသုံး အများပြည်သူပို့ဆောင်ရေးစနစ်များ တိုးတက် လာရေးနှင့် ပြည့်ဖြိုးမြဲစွမ်း အင်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း။
စီးပွားရေးရာကော်မတီအနေဖြင့် အစိုးရကိုတာဝန်ခံရမည်ဖြစ်ပြီး အစိုးရအနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တာဝန်ခံရမည်ဖြစ်ကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်ကို တာဝန်ခံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးရာကော်မတီအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆွေးနွေးဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စီပွားရေးရာကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြ သည်။
၎င်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအားကွင်းဆင်းဆောင်ရွက်ပေးမှု၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရာဘာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စပါးခွံဓာတ်ငွေ့လောင်စာသုံးလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း များအဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကုန်သွယ် မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး က စီးပွားရေးဆိုင်ရာစာချုပ်စာတမ်း များကို ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်အတိုင်းဖြစ်အောင်ဆောင် ရွက်ရန်လိုကြောင်း၊ ရာဘာစိုက်ပျိုးရာမှထွက်ရှိလာသည့် ရာဘာကုန်ကြမ်းများကို အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စပါးခွံဓာတ်ငွေ့ လောင် စာသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသည် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်သင့် သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်သွယ်မှု နှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများရှိမှသာ ပို့ကုန်များရရှိမည်ဖြစ်သဖြင့် ကုန်ထုတ် လုပ်မှုများ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာဈေးကွက်ကို အမြဲမပြတ်သုတေသနပြု ဆောင်ရွက်နေရန်လိုကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးမှာ ကြားသည်။
ထို့နောက် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများ မှဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းလည်ပတ်မှုများ အပြည့် အဝလည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက် နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် လုပ်ငန်းများအားလုံး ဝင်ငွေနှင့် ထွက်ငွေ ညီမျှနေရေး စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နေရန်လိုကြောင်း။
အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေကြောင်း၊ အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်း သာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေ အနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာ ရှိကြောင်း၊ ယခုကဲ့သို့နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွ မှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန် အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများ သည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်ဖြစ် ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း၊ မိမိတို့ စီးပွားရေးရာကော်မတီ သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေ လိုကြောင်း၊ လုပ်ငန်းများ ဆောင် ရွက်ရာတွင် တိုင်းပြည်အကျိုးကိုကြည့်၍ ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြား ပြီး အစည်းအဝေးကို ည ၇ နာရီခွဲတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။