ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃) ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃) ကျင်းပ

နေပြည်တော်၊ ဇူလိုင် - ၃၁

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)ကို ဇူလိုင် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

        အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ကြသည်။

        ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြရာတွင် ထပ်မံသက်တမ်းတိုးထားသည့် ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေရန် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၄ ရက်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို လတ်တလော အခြေအနေများနှင့် ကိုက်ညီသည့်လုပ်ငန်းစဉ်၊ ဦးတည်ချက်များအဖြစ် ပြင်ဆင်ချမှတ် ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်ချမှတ်ထားသည့် ရှေ့ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အပြင် နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သော တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း။

        ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်ကို “ပြည်သူတို့၏ လူမှု စီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟုချမှတ်ထားပါကြောင်း၊ လက်ရှိကာလတွင် CRPH ၊ NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း လိုအပ်သည့်စစ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်း ပြီး တရားဥပဒေစိုးမိုးမှုရရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှပါကြောင်း၊ ယခင် ကထက် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းလာသည်ဆိုသော်လည်း NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်မှု အားပေး ပြည်ပဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ သော EAO များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ရှိနေဆဲပင်ဖြစ် ပါကြောင်း၊ အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ  ရဟန်းသံဃာနှင့် သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှု ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၁ လုံး၊ လူနေအဆောက်အဦ ၇၆ လုံး၊ လမ်း တံတားနှင့် တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး တာဝါတိုင် ၂၆ ခုအပါအဝင် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

        မိမိတို့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရည်မြင့်မား မှုရှိနေရန်အတွက် အလွန်အရေးကြီးပြီး ပညာရည်ပြည့်ဝနေစေရန် အတန်းပညာ တတ်မြောက်ရန်၊ တတ်မြောက်ထားသည့် အတန်းပညာနှင့်အညီ အတတ်ပညာ တတ်မြောက်ရန်၊ အသိပညာမြင့်မားစေရန်တို့ကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံ၏ပညာရေး နိမ့်ပါးကျဆင်း လာစေရန် ဦးတည်လုပ်ဆောင်လျက် ရှိနေသည်ကိုတွေ့ရပါကြောင်း၊ အကြမ်းဖက် သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ဆောင်ခဲ့မှု အချို့ကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာ များကပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည်များကို ပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ရှိသည့် ကျေးရွာ ၆ ရွာမှ အခြေခံပညာကျောင်းအသီးသီးတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား ၂၁ ဦးနှင့် ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက် တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ စခန်းကြီးရွာ၌ ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး ထွက်ပြေးခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါကြောင်း။

ထို့ပြင် အကြမ်းဖက်သမားများသည် စာသင်ကျောင်းများကို အဝေးမှ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ဖြင့် တိုက်ခိုက်ခြင်း စသည်များကိုလည်း ကျူးလွန်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သုနန္ဒာရာမဘုန်းတော်ကြီးကျောင်း အတွင်း အတန်းဆုံးစာမေးပွဲ ဖြေကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပညာသင်ကြားနေသည့် ကိုရင်(၁)ပါးနှင့် ကျောင်းသား(၂)ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း (အရာတော်)တွင် စာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မော်တော်ယာဉ်ကို အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်ခဲ့ သည့်အတွက် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါကြောင်း၊ ဖြစ်စဉ်များကိုကြည့် ပါက လက်နက်ကိုင်အကြမ်းဖက်မှုကို ကျူးလွန်ရုံသာမက ကျောင်းနေအရွယ်ကလေး များ၏ ပညာသင်ယူခွင့်ကိုသာမကဘဲ နိုင်ငံတော်၏ ပညာရည်နိမ့်ပါး ကျဆင်းလာ အောင် ရည်ရွယ်လုပ်ဆောင်မှုများကို မြင်တွေ့နိုင်မည်ပင် ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဇူလိုင် ၃၀ ရက်အထိ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ပညာရေးဝန်ထမ်း ၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အဆောက်အဦ ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

        အကြမ်းဖက်သမားများ၏ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အဦများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) မှ ခရီးသည်တင်လေယာဉ်ကို လွိုင်ကော်လေဆိပ် အဆင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်မှာ တည်ဆောက်ထားသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင် ဖောက်ခွဲခဲ့ပါကြောင်း၊ ထို့ပြင် ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါ ကြောင်း၊ ဖြစ်စဉ်ကို သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများကို  ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ တံတားပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်သားများကို ပစ်ခတ်တိုက်ခိုက်ခြင်း စသည်များကို လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရှိမှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊ ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀ -၂၁) အနီးရှိ ရထား သံလမ်းကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရထားခရီးစဉ်များ ကိုဖျက်သိမ်း ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာ ကြား ရထားလမ်းပိုင်းပေါ်ရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်း ဆက်မူလီများကို အကြမ်းဖက်အဖျက်သမားများက ဖြုတ်ယူဖျက်ဆီးခဲ့ခြင်းကြောင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပါကြောင်း၊ ခရီးသွားပြည်သူလူထု အသက်ဆုံးရှုံး ထိခိုက် ဒဏ်ရာရရှိစေရေး အသိဉာဏ်မဲ့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်တွင် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကို PDF အမည်ခံအကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်အနီးရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်သမားများသည် အများပြည်သူ၏ ကူးသန်းရောင်းဝယ်မှုနှင့် နေ့စဉ်လူမှု ဘဝအတွက် အသုံးပြုနေရသည့် လမ်းတံတားများနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၉၄ ကြိမ် လုပ်ဆောင်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင်မှုများသည်  အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအပေါ်အကြမ်း ဖက်မှုကျူးလွန်ခြင်းပင် ဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ် ရပ်များအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်မှုများ၊ ရွံရှာစက်ဆုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့၏ လူမှုစီးပွားဘဝထိခိုက်လာမှုကို မလိုလားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီးလျှို့ဝှက်စွာပူးပေါင်း၊ သတင်းပေးပို့မှုများကြောင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရရှိမှု ပိုမိုများပြားလာပြီး လက်လုပ် သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁,၀၈၈ လက်၊ ကျည်မျိုးစုံ ၇၇,၅၇၉ တောင့်၊ ခဲယမ်းမျိုးစုံ ၂,၆၆၀ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူတို့၏လူမှု စီးပွားဘဝ လုံခြုံမှုကို ပြည်ထောင်စုတစ်ဝန်းလုံး ရရှိခံစား နိုင်စေရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဟန်ချက်ညီရရှိနိုင်စေရန် အတွက် လိုအပ်သည့်နယ်မြေများအလိုက် စစ်ဆင်ရေးနယ်မြေများ သတ်မှတ်ခြင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေများ ကြေညာခြင်း စသည်များကို တည်ဆဲတရားဥပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတင်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများသေကြေမှုသည် ပြည်သူကိုအညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ် သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွား ပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကြမှုများ ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်း များဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်းလို ပါ ကြောင်း၊ လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိ ရောက်ရောက် ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း။

        ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ဒုတိယအချက်ဖြစ်သည့်“တိုင်းပြည် သာယာဝပြော ရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များကို ဆက်လက်ဆွေးနွေးလိုပါကြောင်း၊ နိုင်ငံတစ်ခု တွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ အခြေခံအကျဆုံးအချက်မှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ပြည်ပမှတင်သွင်းမှုများကို အတတ်နိုင်ဆုံး လျှော့ချပြီး ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများ စွမ်းအားပြည့် လည်ပတ်နိုင်ရန်  အရေးကြီးပါကြောင်း၊ ထုတ် ကုန်နှင့်ပတ်သက်ပြီး စိုက်ပျိုးရေးထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များကို သမားရိုး ကျပုံစံမှ ခေတ်မီနည်းစနစ်များနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအလိုက် သွင်းအားစုများကို ထိထိရောက်ရောက် အသုံးပြုပြီး  ဒေသအလိုက် အလားအလာကောင်းသည့် သီးနှံများ စိုက်ပျိုးနိုင်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် အရည်အသွေးကောင်းမွန် ရေးတို့ကိုလည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုတိုးတက်မှ ပြည်တွင်း စားရေရိက္ခာ လိုအပ်ချက်များကို ဖူလုံအောင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လူတစ်ဦး ချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ တိုင်းပြည်သာယာဝပြောမှုအထိ ဖြစ်တည် လာမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင် အား၊ နိုင်ငံရေးမောင်းနှင်အားနှင့်ကာကွယ်ရေးမောင်းနှင်အား ကောင်းမွန်နေရန် လိုပါ ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်း သည့် နိုင်ငံတစ်ခုဖြစ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်သေချာခိုင်မာသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင် ဖြစ်ပါ ကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေး လုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အဆိုပါစီးပွားရေးလုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံးအတွက် အကျုံးဝင်သည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျပြီး အချိန်တိုအတွင်း အကျိုးဖြစ်ထွန်း နိုင်သည့်အတွက် အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအပါ အဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ဒေသ ၂၆ ခုတွင်ရှိ သည့် MSME လုပ်ငန်းရှင်များနှင့် ၂၆ ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး တင်ပြချက် ၂၃၀ ကျော်ကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်ကိုထည့်သွင်းပြောကြား လိုပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးဆိုပြီး နှစ်မျိုးခွဲမြှင့် တင်ရန် စဉ်းစားဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေးဖွံ့ဖြိုတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး  နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန်  စီမံဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ပြင်အနာဂတ် MSME လုပ်ငန်းများတွင် ပိုမိုတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး‌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်ပေးပြီးဖြစ်သကဲ့သို့ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျန်ခရိုင် ၇၅ ခုတွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် စီးပွားရေးအရ ဘက်စုံတိုးတက်မှုများ ရရှိလာစေရေးအတွက် ဦးတည်ချက်၊ ရည်မှန်းချက်များကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အတွက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျဆင်းခဲ့သည့် စီးပွားရေးအခြေအနေမှ ရုန်းထွက် လာနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် GDP တိုးတက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မျှော်မှန်းထားသည့် အတိုင်း ဘဏ္ဍာရေး တိုးတက်မှုရှိစေရန်အတွက် မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်ဖြစ်သည့် “စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြား လိုပါကြောင်း၊ မိမိတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်ပြီး တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ယိမ်းယိုင် ပျက်စီး အောင်ပြုလုပ်လာသော မည်သည့်အပြုအမူမျိုးကိုမဆို ဥပဒေနှင့်အညီ ကာကွယ် တားဆီးသွားရမည်ပင် ဖြစ်ပါကြောင်း။

ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမို ကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ မည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ အားကောင်း‌စေရေး ပြည်သူလူထုနှင့် ဒေသကိုကိုယ်စားပြုသည့်၊ ခိုင်မာသည့် နိုင်ငံရေး ပါတီများ ပေါ်ထွန်းလာစေရေးအတွက် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်တည်ဆဲ နိုင်ငံရေးပါတီ ၉၀ အနက်မှ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့ပြီး ကျန်ပါတီ ၄၀ မှာ သတ်မှတ်ကာလအတွင်း လာရောက် လျှောက်ထားခြင်းမရှိပါကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ယနေ့အထိ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့်ပါတီ ၁၃ ပါတီရှိပါကြောင်း၊ ၂၇-၇-၂၀၂၃ ရက်နေ့ထိ ယခင်ပါတီဟောင်း ၅၀ အနက်မှ နိုင်ငံရေး ပါတီ ၃၀ ပါတီနှင့်  နိုင်ငံရေးပါတီအသစ် လျှောက်ထားသည့် ၁၃ ပါတီ အနက်မှ နိုင်ငံရေးပါတီ ၅ ပါတီ၊ စုစုပေါင်း ၃၅ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင် သည်ကို ပြောကြားလိုပါကြောင်း၊ တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရရှိခဲ့သည့်ပါတီများ၊ ပါတီသစ်အဖြစ် ပေါ်ထွက်လာသည့်ပါတီများမှာ ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကျန်ရှိနေသေးပါကြောင်း၊ ပါတီဟောင်းများအနေဖြင့် ပါတီဝင်အသစ်များ ပါရှိလာသည်ရှိသကဲ့သို့ ပါတီသစ်များအနေဖြင့်လည်း ပါတီများ ခိုင်မာတည်တံ့ရေးအပါအဝင် ပါတီ၏မူဝါဒများကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပါတီဝင်များရရှိရေး၊ ထောက်ခံမှု တိုးတက်လာစေရေး စသည်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက် သွားရဦးမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းလွတ်လပ်မှု၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများမရှိဘဲ အကြောက်တရားကင်းစွာဖြင့် စည်းရုံးရေး ဆောင်ရွက်နိုင်မှု စသည့်အခင်းအကျင်းများ ဖြစ်ပေါ်လာစေရန် မိမိတို့အစိုးရအနေ ဖြင့် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခင်းအကျင်းနှင့် ပါတီများ၏ လိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် အတွက် အစိုးရအနေဖြင့် အချိန်ကာလတစ်ခုအထိ လိုအပ်နေဦးမည်လည်း ဖြစ်ပါ ကြောင်း။

စတုတ္ထလုပ်ငန်းစဉ်ဖြစ်သည့်တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူ ညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။ဆိုသည့် အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းနိုင်ရန်အတွက် တည်ငြိမ်အေးငြိမ်းချမ်းမှုရှိရန်၊ တရားဥပဒေစိုးမိုးရန်သည် မဖြစ်မနေလိုအပ်ပါကြောင်း။

        မိမိတို့နိုင်ငံတွင်နေထိုင်သည့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ဆန္ဒနှင့် လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုနေ၍မရဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ် များ စုံစုံညီညီရောက်ရှိပြီး လိုလားချက်များ၊ ရည်မှန်းချက်များကို လွှတ်တော်အသီးသီး တွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ ဆုံးဖြတ်၊ အကောင်အထည်ဖော်နိုင်ရန် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များကိုလက်နက်ကိုင်လမ်းကြောင်း မှ နိုင်ငံရေးစင်မြင့်ပေါ် တက်ရောက်လာနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အလေးထားအကောင်အထည်‌ဖော်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား ထားရှိခဲ့သည့် ကတိကဝတ်များပင်ဖြစ်ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည်  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက်အထိ NCA လက်မှတ် ရေးထိုးထားသည့်အဖွဲ့(၇)ဖွဲ့၊ လက်မှတ် ရေးထိုးထားခြင်းမရှိသည့်အဖွဲ့(၃)ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ်ပြု လုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက် ကိုင်အဖွဲ့(၃)ဖွဲ့သည် အကြောင်းပြချက်အချို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးမှု မရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအဖွဲ့များအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေး နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာနိုင်သည်ကိုလည်း သတိပြုမိစေလိုပါကြောင်း၊ ယခုလည်း ၎င်းအဖွဲ့ များသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နေကြပါကြောင်း။

        ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အဖွဲ့တိုင်း၏ လိုလားချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးဆောင်ရွက်သွားရမယ့် ကိစ္စရပ်များလည်း အများ အပြားကျန်ရှိနေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလို သော စိတ်ဆန္ဒရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ်အမြဲတံခါးဖွင့်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြား လိုပါ ကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် နောက်ဆုံး အချက်ကို “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဟု ချမှတ်ထားပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ပါတီစုံဒီမိုကရေစီ စနစ် စတင်ကျင့်သုံးသည့် ကာလကစပြီး အထွေထွေရွေးကောက်ပွဲ(၃)ကြိမ်ကို ကျင်းပ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်ကို ရွေးကောက်ပွဲကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် အငြင်းပွားမှု အနည်းငယ်မျှသာဖြစ်ပေါ်ခဲ့ပြီး ၎င်းကာလများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်များ အနေဖြင့် ကြေလည်အောင် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ရှိသည့် မြို့နယ် ၃၁၅ မြို့နယ်၌ မဲရုံ ပေါင်း ၃၉,၉၆၃ ရုံဖွင့်လှစ်ပြီး ပြုလုပ်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့ နယ်များ ကျဆင်း လာပြီး ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှု လျော့နည်းသွားသည်ကို သတိ ပြုဖွယ်တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ၎င်းကာလတွင်တာဝန်ယူထားသည့် အစိုးရအနေ ဖြင့် လုံခြုံရေးဆိုင်ရာအကြောင်းပြချက်ဖြင့် မြို့နယ် ၁၅ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှုမရှိကြောင်း ကြေညာခဲ့သည့်အပေါ် အဆိုပါဒေသများတွင်ရှိသည့် တိုင်းရင်း သားပါတီများမှ ဝေဖန်ထောက်ပြမှုများ အများအပြားဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲအတွက် အဓိကအကျဆုံးဖြစ်သည့် ဆန္ဒမဲပေးနိုင်သည့် လူဦးရေစာရင်း ထုတ်ပြန်ရာတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး(၃၈.၂ သန်းကျော်)ဖြစ်ပြီး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်း အရ ၃၁,၇၇၅,၃၃၀ ဦး(၃၁.၇သန်းကျော်) ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ထုတ်ပြန်သည့်စာရင်းအရ ၃၅,၄၇၆,၈၃၃ ဦး (၃၅.၄သန်းကျော်) ဖြစ်သည့် အတွက် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်သည့်စာရင်းသည် အလုပ်သမား၊ လူဝင် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည့်စာရင်းထက် ၆.၅ သန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းထက် ၂.၈ သန်း စသည်ဖြင့် မဲစာရင်းကို ရည်ရွယ်ချက်ရှိရှိ စာရင်းပိုပြထားသည်ကို သတိပြုမိနိုင် ပါကြောင်း။

ဆန္ဒမဲပေးအပ်ချိန်တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အရ  ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး (၃၈.၂သန်းကျော်)အနက် ၂၇,၅၁၂,၈၅၅ ဦး (၂၇.၅သန်းကျော်) ရာခိုင်နှုန်းအားဖြင့် ၇၁.၈၉ ရာခိုင်နှုန်းက မဲပေးခဲ့ကြကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခဲ့ရာ၌ မဲမသမာမှု ဖြစ် ပွားခဲ့သည့် မဲအရေအတွက် ၁၁ ဒသမ ၃ သန်းကျော်ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ခိုင်လုံ သည့် မဲအရေအတွက်သည် ၁၆ ဒသမ ၂ သန်းခန့်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူအရေအတွက် နှင့် တွက်ကြည့်ပါက ခိုင်မာသည့်မဲသည် ၄၂ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ယူဆနိုင်ပါ ကြောင်း။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တိုင်ကြားချက်များ၊ ထုတ်ဖော်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ တရားမျှတမှုကို လိုလားသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရလည်းကောင်း၊ နိုင်ငံ၏နိုင်ငံရေး သမိုင်းစဉ် ဖြတ်သန်းမှုအရ စိစစ်ပေးရန်၊ သတိပေးရန်၊ အသိပေးရန်လိုအပ်သည့် အဖွဲ့ အစည်းသည် တပ်မတော်ပင်ဖြစ်သည့်အတွက်လည်းကောင်း လိုအပ်သည့် စစ်ဆေးမှု များကိုဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် မဲစာရင်းများ အရ မဲမသမာမှုဖြစ်နိုင်သည့်စာရင်းသည် ၁၀,၄၈၂,၁၁၆ ဦး(၁၀.၄ သန်းကျော်)ဖြစ် သည့်အတွက် မဲပေးပိုင်ခွင့်ရှိသူ ပမာဏ၏ ၄ ပုံ ၁ ပုံ ကျော် ဖြစ်ပေါ်ခဲ့သည်ကို အံ့ဩ ဖွယ်ရာ တွေ့ရှိရပါကြောင်း၊ စိစစ်တွေ့ရှိသည့် အချက်အလက်များကို ဖြေရှင်းဆောင် ရွက်ပေးရန် UEC၊ တည်ဆဲအစိုးရ၊ လွှတ်တော်နှင့် ပြည်ထောင်စုတရား လွှတ်တော် ချုပ်တို့ကို တိုက်တွန်းဆောင်ရွက်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ ကြောင်း၊ ထိုကဲ့သို့ လုံးဝဖြေရှင်းပေးမှုမရှိခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါ ကြောင်း၊ ယင်းနောက် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲစာရင်းများကို လိုအပ်သည့်စစ်ဆေးမှု များ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်၏ မဲစာရင်းစစ်ဆေးမှုများအရ  မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁,၃၀၅,၃၉၀ ဦး( ၁၁.၃ သန်းကျော်) ဖြစ်ပွားခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရပါ ကြောင်း၊ မဲမသမာမှုဖြစ်ပွားအောင် စီစဉ်ဆောင်ရွက်ခဲ့သည့် ယခင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအလိုက် ထိုက်သင့်သည့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုကဲ့သို့ မဲမသမာမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်း အကြောင်းအရင်းများကို ပြန် လေ့လာကြည့်ပါက နိုင်ငံတော်၏အာဏာကို မသမာသည့်နည်းလမ်းဖြင့် ရယူရန် ကြိုးစားခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သကဲ့သို့ မဲစာရင်းများ တိကျခိုင်မာမှုမရှိခြင်းကို လည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်း တိကျခိုင်မာမှုရှိရေးသည် အဓိကအချက်ပင် ဖြစ်ပါကြောင်း၊ ခိုင်မာတိကျသည့်မဲစာရင်း ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံအတွင်းတွင်ရှိသည့် ဆန္ဒမဲပေးခွင့်ရှိသူ၊ ဆန္ဒမဲပေးခွင့် မရှိသူ၊ ဆန္ဒမဲပေးအပ်နိုင်သူ၊ ဆန္ဒမဲပေးအပ်နိုင်ခြင်းမရှိသူ စသည်တို့ကို အသေးစိတ် စာရင်း ရရှိနေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံခဲ့ပြီး ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့် ကြားဖြတ်အစီရင်ခံစာပါ  စာရင်းများကို အခြေပြုသည့် မဲဆန္ဒစာရင်းကို ထုတ်ပြန်ခဲ့ပါက ယခုလောက် မဲစာရင်း ကွာခြားမှုမဖြစ်နိုင်သည်ကို သုံးသပ်ရရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းပါ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦး ရေ တိုးတက်မှုနှုန်းသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် စာရင်းတွေအရ တစ်နှစ်လျှင် ၀.၈၈ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်စာရင်းအရ တစ်နှစ်လျှင် ၀.၈၇ ရာခိုင်နှုန်းမျှသာ ရှိပါ ကြောင်း၊ အဆိုပါလူဦးရေတိုးတက်မှုနှုန်းထားကိုသာ အလေးထား ဆောင်ရွက်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ခဲ့သောမဲပေးပိုင်ခွင့်ရှိသည့် အင်အား သည် ယခုအတိုင်းအတာအထိဖောင်းပွလာရန် မရှိသည်ကိုလည်း သုံးသပ်နိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သန်းခေါင်စာရင်း ကောက်ယူမှု မရှိသေးသည်ကို အခွင့်ကောင်းယူပြီး မဲမသမာမှု လုပ်ဆောင်သွားသည်ဟုလည်း သုံးသပ်ရရှိပါကြောင်း။

မိမိတို့အစိုးရအဖွဲ့သည် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ့တာဝန်ကိုရယူ ခဲ့ရသည့် အစိုးရဖြစ်သည့်အတွက် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ပေးရမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှု ရှိစေရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး နှင့် မဲစာရင်း မှန်ကန်တိကျမှုရှိစေရေးကို ရည်မှန်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် အဓိကအကျဆုံးဖြစ်သည့် မဲစာရင်း များ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်တိုင်းပြည်လုံး လွှမ်းခြုံနိုင် သည့် သန်းခေါင်စာရင်း ကောက်ယူမှုအောင်မြင်မှသာ ခိုင်မာသည့်မဲဆန္ဒရှင်စာရင်းကို ရရှိနိုင်မည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိပေး ပြောကြားလိုပါကြောင်း၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးချိန်တွင် တစ်နိုင်ငံလုံး အတိုင်း အတာနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကိုကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရမည်ပင်ဖြစ်ပါကြောင်း။

အထွေထွေအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်တွေ မြို့ကို တစ်နာရီ မိုင် ၁၃၀ ကျော်ဖြင့် အလွန့်အလွန် အားကောင်းသော  မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပါကြောင်း၊  မိုခါမုန်တိုင်းတိုက်ခတ်နိုင်သည့်အခြေ အနေကို မေလ ၄ ရက်မှာ စတင်သိရှိခဲ့ပါကြောင်း၊  မေလ ၆ ရက်နေ့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ပြုလုပ်ခဲ့ပြီး  မုန်တိုင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို နိုင်ငံတော်ပိုင်မီဒီယာများမှ  အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ချိန်တွင် ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ကြိုတင် ကြေညာစေခဲ့ပါကြောင်း၊ မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးရေးလုပ်ငန်းစဉ်အရ မုန်တိုင်းမဝင်မီ ၁၂ နာရီအလိုတွင် ထုတ်ပြန်လေ့ရှိသော်လည်း မိမိအနေဖြင့် မုန်တိုင်း မဝင်မီ တစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာစေခဲ့သည့်အပြင် မုန်တိုင်း တိုက် ခတ်နိုင်သည့် ဒေသအသီးသီးမှ ပြည်သူများကိုလည်း အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် သေဆုံးရသည့် အရေအတွက်နည်းပါးခဲ့ပြီး တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏အရှိန်နှင့် နှိုင်းယှဉ်ပါက မိမိတို့၏ ပြည်သူလူထုအပေါ် အလေးထားဆောင်ရွက်ပေးနိုင်ခဲ့မှုကို သုံးသပ်နိုင်မည်ပင်ဖြစ်ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မြောက် ပိုင်း ၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ ၂ မြို့နယ် တို့သည်  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း။

        မိမိအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများဟာ  မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွား ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများနှင့်  တပ်မတော်မှ အရာရှိကြီးများကို လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်  အနီးကပ်ကြီးကြပ်နိုင်ရေး  တာဝန် ပေးအပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

အခြေခံပညာကျောင်းများကို အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှု မရှိရေး၊ ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး အပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်မှန်သမျှ ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

 နိုင်ငံတကာ၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပေးပို့လှူဒါန်းမှုကို  သဘောတူ ခွင့်ပြုမှု၊ စနစ်တကျရှိမှုတို့အတွက် On-Site Operation Coordination Centre ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိ ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပြည်ပနိုင်ငံများမှ အစိုးရ များ၊ အရေးပေါ်တုံ့ပြန်မှုနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့(ERAT)၏ သတင်းထုတ်ပြန် ရေးအဖွဲ့၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(UNOHCHR) အဖွဲ့ အစည်းများ၊ AHA Centre ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် စေတနာရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းမှု၊ အလှူငွေများလှူဒါန်းမှု၊ မြန်မာနိုင်ငံအတွင်းသို့ လာရောက်သတင်းရယူမည့် ခရီးစဉ်များကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများကို မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဦးတည်ချက် ၁၂ ရပ်ကို ရေးဆွဲအကောင်အထည် ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် တွင် ဆန္ဒမဲပေးရွေးချယ်ခြင်းသည် အဓိကအကျဆုံးကဏ္ဍဖြစ်ပါကြောင်း၊ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက ခြိမ်းခြောက်ခံရမှု၊ စိုးရွံ့မှု၊ အနှောင်အဖွဲ့ရှိမှု အစရှိသည့် အဂတိ တရားများ ကင်းကင်းရှင်းရှင်းဖြင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း စသည့်အချက်များ ပြည့်ပြည့်စုံစုံဖြင့် မဲပေးနိုင်ရေးသည်လည်း အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG၊ CRPH၊ PDF အစရှိသည့် အကြမ်းဖက်သမားများအပြင်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖောက်ဖျက်ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့ ရှိနေပါကြောင်း၊ တင်ပြခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်း များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့တို့သည် စစ်ကိုင်းတိုင်းဒေသကြီး အချို့မြို့နယ်များ၊ မကွေးတိုင်း ဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး အချို့မြို့နယ်များ၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စသည်တို့မှ အချို့မြို့နယ်များတွင် လက်နက် ကိုင် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မိုင်းထောင်တိုက်ခိုက်မှု၊ မီးရှို့ ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပါကြောင်း၊ ဒေသခံပြည်သူ လူထုများ ၏ နေအိမ်အဆောက်အဦများ၊ ဘာသာရေးအဆောက် အဦများ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် အဆောက်အဦများကို အကာအကွယ်အဖြစ်ရယူပြီး တိုက်ခိုက် ခြင်း၊ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုတိုက်ခိုက်ခြင်းများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကြပ်မတ်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များတွင် ဖော်ပြပါရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တင်ပြခဲ့သည့် ဒေသများ၌ အခက်အခဲအချို့ရှိနေနိုင်သည်ကို သတိပြု မိရန် လိုအပ်ကြောင်း တင်ပြလိုပါကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆောင်ရွက်ပေးသည့်တိုင် ဒေသခံမဲဆန္ဒ ရှင် ပြည်သူများကို လက်နက်အားကိုးဖြင့် မဲမပေးစေရေး၊ မဲပေးပါကလည်း ၎င်းတို့ လိုလားသူကိုသာမဲပေးစေရေး၊ ဖိအားပေးအကြပ်ကိုင်မှုများ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ၏ မူလဦးတည်ချက်များ ပပျောက်သွားနိုင်ပါကြောင်း၊ ဒီမိုကရေစီ အတွက် မဲပေးရွေးချယ်မှုသည် အာဏာရှင်နှင့် အကြမ်းဖက်အားပေးများကို မဲပေး ရွေးချယ်လိုက်ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ် မည်ဖြစ်ပါကြောင်း။

လွှတ်တော်များ၏ အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး ထပ်မံတင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မိမိတို့မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော် ၃ ရပ်နှင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ လွှတ်တော်အစည်းအဝေးတစ်ခု အထမြောက်ရန်ဆိုပါက လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ထက်ဝက်ကျော်ဦးရေ တက် ရောက်ပါက အစည်းအဝေးသည် အထမြောက်ပါကြောင်း၊ ပထမနေ့ အစည်းအဝေး အထမမြောက်သဖြင့် ဆက်လက်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် တက် ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ သုံးပုံတစ်ပုံ တက် ရောက်နိုင်သည်နှင့် အစည်းအဝေးသည် အထမြောက်နေပြီဖြစ်ပါကြောင်း၊ ပထမဆုံး ကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန်လိုအပ်သည့် ၅၀ ရာခိုင်နှုန်း သော ကိုယ်စားလှယ်တွေအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ယခုဆွေးနွေးခဲ့သကဲ့သို့ လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော်အစည်းအဝေး အထမြောက်အောင် တပ်မတော်က အတင်း လုပ်ယူသည်ဟူ သည့်ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေအထားရှိပါကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် သမ္မတ၊ ဒုသမ္မတ စသည်တို့ ရွေးချယ်သည့်အခါတွင်လည်း အထက်တွင် မိမိပြောခဲ့သကဲ့သို့ ဆောင်ရွက်နိုင်သော်လည်း ပုံရိပ်အရ မသင့်တော်ခြင်း များ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲဖြစ် သည်နှင့်အညီ ပြည်သူများက ၎င်းတို့ဆန္ဒဖြင့်ရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စား လှယ်များ ပါဝင်နေရန်လိုပါကြောင်း၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ကိုယ်စား လှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲ တွင် ၁၀၀ ရာခိုင်နှုန်းအောင်မြင်ရန်ဆိုသည်မှာ ခက်ခဲမည်ဖြစ်ပါကြောင်း။

ထိုကဲ့သို့ ပြည်သူများရွေးချယ်သည့် ကိုယ်စားလှယ်များ များများပါဝင်နိုင်ရေး၊ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်နိုင်ရေး ကိုယ်စား လှယ်များသည် မဲဆန္ဒနယ်အလိုက် ပြည်သူများဆီ ကွင်းဆင်း မဲဆွယ်စည်းရုံးနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့နေဖြစ်ပြီး၊ ကျန် ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြပါကြောင်း၊  မိမိ အထက် တွင်တင်ပြခဲ့သည့် ဒေသများမှ မြို့ပေါ်နေပြည်သူလူထုအနေဖြင့် အေးချမ်းစွာ နေထိုင် နိုင်ပြီး ကျေးလက်များတွင်မူ ခြိမ်းခြောက်မှုများရှိနေဆဲ ဖြစ်ပါကြောင်း၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်မှု၊ လွတ်လပ်စွာမဲပေးနိုင်မှုများအတွက် အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ လိုလားမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် မဟုတ်တော့သည်ကို သတိပြုမိရန်လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းစေရေး လုံခြုံရေး အားကောင်းအောင် တည်ဆောက်ရန် လိုအပ်လျက်ရှိပါသေးကြောင်း။

မြန်မာနိုင်ငံ၏ တည်ဆဲလွတ်တော်ဥပဒေများတွင်လည်း မဲဆန္ဒရှင် ပြည်သူလူထု ဘယ်နှစ်ရာခိုင်နှုန်းက မဲပေးမှ အထမြောက်မည်ဟု သတ်မှတ်ထားခြင်းမျိုး မရှိပါ ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအတွက် ရွေးကောက်ပွဲကို ဥပမာထား တင်ပြရမည်ဆိုပါက မဲပေးပိုင်ခွင့်ရှိသူ များ၏ ပျမ်းမျှ ၁၄ ရာခိုင်နှုန်းကသာ မဲပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်း ပျမ်းမျှ ၁၄ ရာခိုင်နှုန်းပေါ်၌ အနိုင်အရှုံးကို တွက်ချက်သွားသည်ဖြစ်သည့်အတွက် ပြည်သူကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ ဖြစ်၊ မဖြစ်ကို သုံးသပ်တွေ့ရှိနိုင်ပါကြောင်း၊ ပြည်သူလူထုကို ကိုယ်စားပြုမှုအားနည်းခဲ့သည့်အတွက် နောက်ပိုင်းတွင် ပြဿနာများ ဖြစ်ပွားလာသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း။

        မဲဆန္ဒရှင်ပြည်သူအားလုံးကို အေးချမ်းလုံခြုံစွာ မဲပေးနိုင်ခွင့်ရှိရေး ဆောင်ရွက် ပေးရမည်မှာ အစိုးရတာဝန်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ မဲမပေးကြခြင်းမှာ ပြည်သူတစ်ဦး တစ်ယောက်ချင်း၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါကြောင်း၊ မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အစိုးရအဖွဲ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိမိတို့အစိုးရက တာဝန်ယူကျင်းပရသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဆုံးအဖြတ်ပေးမည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မဲပေးသည့်နေရာတွင် လုံခြုံမှုရှိရန်၊ မဲစာရင်းမှန်ကန်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များ၊ ဆောင် ရွက်ချက်များထဲမှ အားနည်းချက်ဖြစ်ပေါ်ခဲ့ပါက မိမိတို့တပ်မတော်ကို ပြည်သူလူထု အနေဖြင့် အပြစ်မြင်လာမည်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲကို အလောတကြီးစောလျင်စွာ ဆောင်ရွက်၍မရဘဲ စနစ်တကျပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် အချိန်တစ်ခုအထိ မိမိတို့အနေဖြင့် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း။

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေးကိုရှေးရှုပြီး ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမှု နှင့်ပတ်သက်ပြီး အခင်းအကျင်းသည် ၂ ခု ထွက်ပေါ်လာနိုင်ပါကြောင်း၊ ပထမတစ်ခုမှာ လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဒေသ များကိုချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက် ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမ ဖြစ်ပေါ်လာနိုင်သည့် အခင်းအကျင်းဖြစ်သည့် တည်ငြိမ်မှုအားနည်းနေဆဲ ဒေသများ ကိုချန်လှပ်ပြီး ကျန်ဒေသတွေမှာ ရွေးကောက်ပွဲကိုကျင်းပပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ် ထက်ပိုမို၍ ကျင်းပနိုင်မည့်မြို့နယ်အရေအတွက် နည်းပါးသွားနိုင်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ ၏ မကျေနပ်မှုများကိုလည်းတွေ့မြင်ရပြီးဖြစ်မည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲမကျင်းပ နိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည်၎င်းတို့၏ မူလအခွင့်အရေးဖြစ် သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများ ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပ နိုင် သည်ထက်စာပါက လုံခြုံမှုရှိသည့်နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစား ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း စသည့် ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမှာဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင်လည်း အလားတူဒေသကိုယ်စားပြုသည့် ကိုယ်စားလှယ် ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင် လွှတ်တော်ကိုမဖြစ်ဖြစ်အောင် ခေါ်သည်ဆိုသည့် အနေ အထားကို ရောက်ရှိသွားနိုင်ပါကြောင်း၊ ဒုတိယဖြစ်ပေါ်လာနိုင်သည့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ဆက်လက်တင်ပြလိုပါကြောင်း၊ အဓိကအားဖြင့် လက်နက်ကိုင်ဆန့်ကျင်မှု၊ အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုးခြိမ်းခြောက်ပြီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက် ဗုံးဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များ ကိုယ်တိုင်မဲပေးရွေးချယ် သည့် ရာနှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးကို ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့် အတွက် နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါကြောင်း၊ ထိုသို့သောအခြေအနေများ ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် လတ်တလော အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာ ဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်လျက် ရှိပါကြောင်း။

ရွေးကောက်ပွဲကျင်းပနိုင်သည့် အခင်းအကျင်း ၂ ခု လုံးအတွက် အဓိက လိုအပ်ချက်များကို သုံးသပ်လေ့လာကြည့်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပရန်၊ မဲပေးရွေးချယ်မည့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် အမှီအခို ကင်းကင်း၊ အကြောက်တရား ကင်းကင်းဖြင့် မဲပေးရွေးချယ်နိုင်ရန်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်ဆို သည့် အဓိကအကြောင်းအရာများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကျင်းပပေး ရမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ (General Election)ဖြစ်ပါ ကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် နိုင်ငံရေးအဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည့် အတွက် အားလုံးက အထူးအလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှန်ကန်စွာ ပေါ်ထွန်း ဖော်ဆောင်နိုင်စေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၊ သက်ဆိုင်သူပုဂ္ဂိုလ်များအားလုံး၊ ပြည်သူပြည်သားများအားလုံး၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းအားလုံးမှ အပြုသဘောဆောင်ပြီး နားလည်မှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကိုထပ်မံပြီး( ၆ လ) သက်တမ်း တိုးမြှင့်တာဝန်ထမ်းဆောင် ခွင့်ပြုရန်တင်ပြလိုပါကြောင်း ဖြင့်ပြောကြား သည်။

          ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ ဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်ကိုထောက်ခံပါကြောင်းဆွေးနွေး ပြောကြား သည်။

          ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကဆွေးနွေးပြောကြား ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တင်ပြမှုတွင် လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ် နေသည့် အခြေအနေများနှင့် နိုင်ငံတော်မှဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက် သွားရန်လိုအပ်သည်များကို အကျယ်တဝင့်သုံးသပ်ဆွေးနွေး သွားသည်ကို တွေ့ရှိ ခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)၌ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေ အနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်မှုနှင့်ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်းခဲ့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သဘောထားမှတ် ချက်နှင့် ပတ်သက်၍လည်းကောင်း အများသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်များအရလည်းကောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ရန် တစ်ညီတစ်ညွတ်တည်းဆုံးဖြတ် ဆောင်ရွက် ခဲ့ကြကြောင်း၊ မိမိအနေဖြင့် အထူးပြုတင်ပြလိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံး၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်အတည်ဖြစ်သည်ဟုပါရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဆက်လက် သက်တမ်း တိုးခြင်းကိုထောက်ခံပါကြောင်းဖြင့်ဆွေးနွေးသည်။

          ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးပြောကြားရာတွင် အကြမ်းဖက်သမားများကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားဘဝ ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက်မှုများ လျော့ပါးလာအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ တပ်မတော်အနေဖြင့်လည်း အကြမ်းဖက်မှုများ လျော့ပါးစေရေးအတွက် လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရန်အတွက် အချိန်တစ်ခုလိုအပ်နေမှု တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တပ်မတော် အနေ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းများ မှန်ကန်မှုရှိရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်မှုနှင့် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံမှု နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

          ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆွေးနွေးတင်ပြရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်း ဆွေးနွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေ အနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံ ပါကြောင်းဆွေးနွေးပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆွေးနွေး တင်ပြရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များမှအစပြု၍ နိုင်ငံအတွင်းအကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်ခဲ့မှုနှင့်လုံခြုံရေး၊ တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား(၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဆွေးနွေး ပြောကြားသည်။

          ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လွန်ခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို နိုင်ငံတကာမှ သိရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေ အနေများနှင့် နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့် ကာလအားထပ်မံ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အကြမ်းဖက်မှုဖြစ်စဉ်များ လျော့ပါးလာသည် ဖြစ်သော်လည်း အချို့နေရာများ၌ ဖြစ်ပေါ်နေဆဲဖြစ်သည့် အခြေအနေများ၊ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့် လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအားသက်တမ်းထပ်မံတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဖြင့်ဆွေးနွေးပြောကြားသည်။

          ယင်းနောက် အထွေထွေဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က EAO အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ် များဆက်လက်ဆောင်ရွက်နေမှု၊ ပြည်တွင်းအင်အားဖြင့် စီးပွားရေးပိတ်ဆို့မှုများအား ကျော်လွှားနိုင်ရေးဆောင်ရွက်နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာအခင်းအကျင်းများနှင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက ယခင်ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည့် (၂)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည့် အခြေအနေများကိုသာမက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များအပါအဝင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေများကိုဆွေးနွေး တင်ပြခဲ့သည့်အတွက် “နိုင်ငံတော်၏ အခြေအနေအရပ်ရပ်သည် သာမန်မဟုတ်သည့် အခြေအနေ” အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် သာမန်မဟုတ်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်များ၊ ပြောင်းလဲလာသည့် ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အကြောင်းအရာများကိုမူတည်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်ကိုလည်း သတိပြုမိပါကြောင်း။

          ယခင် (၂)နှစ်တာကာလ တာဝန်ထမ်းဆောင်ချိန်မှာ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်အနက် ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များအစား ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်အလက်များနှင့် ပြင်ဆင်၊ ဖြည့်စွက် ဆောင် ရွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ၏ အမျိုးသားအကျိုးစီးပွားနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး ယခင် (၂)နှစ်တာကာလအတွင်း ချမှတ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်များကို ပြင်ဆင်၊ ဖြည့်စွက်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား များ၏ အကျိုးကိုရှေးရှုသည့် ဆောင်ရွက် ချက်များဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ကိုပြောကြားလိုပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့်လည်း ယခုအစည်းအဝေး တွင် ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂)ရပ်တို့ကို ပြီးခဲ့သည့်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့သည့် အခြေအနေများကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရှိရ ပါကြောင်း။

          လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖြစ်ပေါ်စေခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းဆောင်ရွက်ပြီးချိန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူလဦးတည်ရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲ အခင်းအကျင်း ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ဆောင်ရွက်နေသည်ကိုလည်း သတိပြုမိပါ ကြောင်း။

          ဒီမိုကရေစီစနစ်၏ အသက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး၊ စုစည်းမှုအင်အားရှိသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး၊ တိုင်းရင်းသားပြည်သူလူထုများ၏အသံကို ကြားသိနိုင်သည့် အခင်းအကျင်းဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်းမှာလည်း သင့်လျော်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ် သည်ဟု ပြောကြားလိုပါကြောင်း။

          လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အခြားပုဂ္ဂိုလ်ရေး၊ စည်းရုံးရေး ဆိုင်ရာ အခြေအနေအချို့ကြောင့် ယခင်တည်ရှိခဲ့သည့် ပါတီများအနက် အချို့ပါတီ များသည် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ကြပါကြောင်း၊ ယင်းဖြစ်စဉ်၏ အခြားတစ်ဘက် တွင် နိုင်ငံရေးပါတီတချို့ ပူးပေါင်းခြင်း၊ ပါတီသစ်တချို့ မှတ်ပုံတင်ခြင်း စသည်များ လည်း ဖြစ်ထွန်းလာသည်ကို တွေ့မြင်ရသည့်အတွက် ပြင်ဆင်ပြဌာန်းလိုက်သည့် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အနှစ်သာရအားဖြင့် ပြည့်စုံသည့် ဥပဒေဖြစ် သည်ကို သက်သေပြနေခြင်း ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပခြင်းဟူသည့် လုပ်ငန်းစဉ်ကို ရောက်ရှိနိုင်ရေး ပြင်ဆင်ခြင်း အဆင့်ကို ကျော်ဖြတ်ရဦးမည်ဖြစ်ပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဆွေးနွေးချက်တွင် ရွေးကောက်ပွဲ ကျင်းပမှုကို အခင်းအကျင်း(၂)ခုဖြင့် ဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ ပထမ အခင်းအကျင်းအရ လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ ဥပဒေမဲ့ပြုကျင့်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေရာအနည်းငယ်တို့ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြစ်ပါကြောင်း။

          ဒုတိယအခင်းအကျင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ အခင်းအကျင်းတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော်ကိုအခြေပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့် အတွက် တပ်မတော်၏မူလရပ်တည်ချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှု မရှိစေရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၆(စ)ပါ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်ဟူသည့် တာဝန်ကြီးများကို မမှိတ်မသုန်ထမ်းဆောင်ရမည် လည်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အခင်းအကျင်း နှစ်ခု၏ အားသာချက်၊ အားနည်းချက် များအနက် လျှောက်လှမ်းမဲ့ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူအနိုင်ရရေးကိုသာ ဦးတည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဆွေးနွေးသွားသည်ကို လည်း လေးလေးနက်နက် သတိပြုမိပါကြောင်း။

          တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံး၏ ဆန္ဒသဘောထားကို ထင်ဟပ်စေမည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျင်းပရာတွင်လည်း အကြောက်တရားကင်းကင်း၊ အမှီအခိုကင်းကင်းဖြင့် မဲပေးခွင့်ရ စေရေး၊ အကြမ်းဖက်မှုကို လိုလားသူများနှင့် အားပေးသူများ လွှတ်တော်အတွင်း ရောက်ရှိ မလာစေရေး စသည့် ပြည်သူကိုရှေးရှုသည့် ရည်မှန်းချက်များသည် ပြည့်စုံလှ သည့် ဆွေးနွေးချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း။

          လတ်တလော နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးပြီး ပြည်ပနိုင်ငံအသီးသီးနှင့် ဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးမှ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တိုးမြှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး တိုးတက်မှုများရရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့နေရပါကြောင်း။

          ထို့အပြင် နိုင်ငံသူ၊ နိုင်ငံသားများအတွက် ချမှတ်ထားသည့် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်ကိုလည်း လက်ရှိရထားသည့် အခြေအနေကောင်းတစ်ရပ်မှ ဆက်လက်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် အချိန် အတိုင်းအတာအရ လိုအပ်လျက်ရှိနေကြောင်း တွေ့ရှိရပါကြောင်း၊ အခု ဆွေးနွေးခဲ့ သည့် ၆ လတာ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် လေဘေး အပါအဝင် မိုခါမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူလူထုများ၏ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း အပါအဝင် ပြန်လည် ထူထောင်ရေး နှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် စိတ်ခွန်အား၊ ငွေအား၊ လူအားတို့ကို အရှိန်အဟုန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိနေဆဲဖြစ်သည် ကိုလည်း တွေ့ရှိရပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း နိုင်ငံတကာနှင့် ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်မှုကြားမှ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားတိုးတက် ရေးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့မှုများကို လေးစားစွာ အသိအမှတ်ပြုပါကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲလာမှုများအပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ပြင်ဆင်၊ ဖြည့်စွက် ဆောင်ရွက်ချက်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ချက်များသည် သမိုင်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီဟု ဆိုနိုင်ပါကြောင်း။

          တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ တစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ အကြောက်တရား ကင်းမဲ့စွာ မဲပေးနိုင်မှု စသည့် ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

          ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် မိမိအပါအဝင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံး၏ သဘောတူ ဆွေးနွေး ဆုံးဖြတ်ချက်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) ၏ လုပ်ပိုင်ခွင့်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်” ထံသို့ထပ်မံအပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)ကို ရုပ်သိမ်းလိုက် ကြောင်း သတင်း ရရှိသည်။