ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019 (COVID-19)

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ

အသိပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော်   ၄    ရက်

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ    ၂၄     ရက်)

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း လျော့ကျလာသည့်အလျောက် ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် အခြေခံပညာ ကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား သီတင်းကျွတ်ကျောင်းပိတ်ရက်များအပါအဝင်ဖြစ်သည့် ၂၇-၉-၂၀၂၁ ရက်နေ့မှ ၂၄-၁၀-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။