ပြည်ပကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း တည်ငြိမ်မှုရှိရေး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

ပြည်ပကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံခြားသုံးငွေ လဲလှယ်နှုန်း တည်ငြိမ်မှုရှိရေး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၉

  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဗဟို ကော်မတီ အစည်းအဝေးကို ယနေ့ ၁၂ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဉက္ကဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ အထူးဖိတ်ကြားထားသူများ ဖြစ်ကြသည့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဉီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဉက္ကဌ ဦးသန်းညိန်းတို့ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ပြည်ပကုန်သွယ်မှု လုပ်ငန်းဆိုင်ရာ အခြေအနေများ၊ ဈေးကွက် အတွင်း နိုင်ငံခြားသုံးငွေ အဆင်ပြေစွာ စီးဆင်း လည်ပတ်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်များသို့ နိုင်ငံခြားသုံးငွေ ရောင်းချပေးမှု အခြေအနေများ၊ ပြည်ပပို့ကုန် ရငွေများ အချိန်မီပြန်လည် ဝင်ရောက်ရန် ဆောင်ရွက်ထားရှိမှု ကိစ္စများ၊ ပြည်ပပို့ကုန်ရငွေများ လက်ဝယ် ကိုင်ဆောင်နိုင်မှု အချိန်ကာလ သတ်မှတ်ချက်များ၊ ပြည်ပပို့ကုန် မြှင့်တင်ရေး နည်းလမ်းများနှင့် နိုင်ငံခြားသုံးငွေ ငွေလဲလှယ်နှုန်း လက်ရှိအချိန်တွင် မြင့်တက်လျက် ရှိပြီး ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေမှုအား ဖြေရှင်းနိုင်ရန်နှင့် ငွေကြေးတည်ငြိမ်မှု ရှိစေရေးအတွက် နိုင်ငံတော်အစိုးမှ ထိရောက်စွာ ကူညီဖြည့်တင်း ဖြေရှင်း ဆောင်ရွက်ပေးမည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။