ပြည်ပနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအပေါ် တုံ့ပြန်ရေးဥပဒေကို တရုတ်အတည်ပြု

ပေကျင်း၊ နိုင်ငံရေး

အနောက်နိုင်ငံအစိုးရများက ချမှတ်သော ပြင်းထန်သည့်အရေးယူပိတ်ဆို့မှု များကို လက်တုံ့ပြန်ရာတွင် အကူအညီဖြစ်စေမည့် အရေးယူပိတ်ဆို့မှုများအပေါ် တုံ့ပြန်ရေးဥပဒေကို တရုတ်နိုင်ငံက ဇွန် ၁၀ ရက်တွင် အတည်ပြုလိုက်သည်။

အဆိုပါဥပဒေကို နိုင်ငံ၏ဥပဒေပြုရေးအဖွဲ့ဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက တံခါးပိတ်ဆွေးနွေး မှုအတွင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနတစ်ခုက ဖော်ပြထားသည်။ ထိုဥပဒေတွင်ပါဝင်သည့် အသေးစိတ် အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ထားခြင်းမရှိသေးသည့်အတွက် ယင်းဥပဒေက တရုတ်နိုင်ငံအတွင်း၌သာ အာဏာ သက်ရောက်သည့်   ဥပဒေဟုတ်/မဟုတ်ကို မသိရသေးပေ။

အဆိုပါဥပဒေနှင့်ပတ်သက်၍ ဆွေးနွေး ရေးဆွဲပြီးနောက် ပုံမှန်အားဖြင့် ဖတ်ကြားမှုသုံးကြိမ်လုပ်ရမည်ဖြစ်သော်လည်း ယခု အခါ ဖတ်ကြားမှုနှစ်ကြိမ်တည်းဖြင့်သာ ဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သောနည်းဖြင့် မြန်ဆန်စွာ အတည်ပြုသည့် ဥပဒေတစ်ခုမှာ ဟောင်ကောင်ဒေသအတွက် အမျိုးသားလုံခြုံရေး  ဥပဒေဖြစ်သည်။ ထိုဥပဒေကြောင့် မည်ကဲ့သို့ဖြစ်လာနိုင် သည်ဟူ သောကိစ္စနှင့်ပတ်သက်၍ တရုတ် နိုင်ငံအတွင်းရှိ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

Ref: TST