ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇွန် ၃

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ Quarantine ထားရှိသည့်ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၆ ဦးကိုယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေး ခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ ၇၃၃၀ ဦးကို စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(၁၀၀)