ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်‌ဆေးအဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၆

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၄၀ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်ပေးသည်။

တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော် ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ စစ်ဆေးခြင်းများ ကို ဖေဖော်ဝါရီ ၁၉ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ပြည်ပမှပြန်လည် ဝင်ရောက်လာသူ ၇၀၃၈ ဦးကို စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။