ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း

ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများကိုပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ဩဂုတ် ၃၁ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ အိမ်မဲမြို့ပြည်သူ့ ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကနီမြို့ပြည်သူ့ဆေးရုံ၊ မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံနှင့် ချောင်းဦးမြို့ ပြည်သူ့ ဆေးရုံတို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက် ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၇၂၆ စု၊ လူဦးရေ ၂၈၀၅ ဦးတို့အတွက် ဆန် ၁၈၂ အိတ်နှင့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၈၈၂ စု၊ လူဦးရေ ၁၁၄၀၃ ဦးတို့အတွက် ဆန် ၇၂၁ အိတ်ကိုလည်း ကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးသွားရောက် ထောက်ပံ့ လှူဒါန်းကြရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။