ဖိလစ်ပိုင်က ပြည်ပသို့ သူနာပြုများ စေလွှတ်မှုဆိုင်းငံ့

မနီလာ၊ ပြည်တွင်းရေး

ဖိလစ်ပိုင်အစိုးရအနေဖြင့် နှစ်စဉ်ပြည်ပသို့ ကျန်းမာရေးဝန်ထမ်းအယောက် ၅၀၀၀ စေလွှတ်မှုမှာ သတ်မှတ်ပမာဏရောက်ရှိပြီ ဖြစ်သည့်အတွက် ပြည်ပသို့သူနာပြုများ၊ လက်ထောက်နှင့် အကူများစေလွှတ်မှုကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ပြည်ပသို့ ကျန်းမာရေး အမှုထမ်းစေလွှတ် မှုလုပ်ငန်းစဉ်ကို ချက်ချင်းဆိုင်းငံ့ကြောင်း ဖိလစ်ပိုင် ပြည်ပအလုပ်အကိုင်ဌာန၏ ဝက်ဆိုက်တွင် ဖော်ပြထားခြင်းဖြစ်သည်။ သို့သော် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် လက်မှတ်ရရှိထားသော ကျန်းမာရေးဝန်ထမ်းများကိုမူ နိုင်ငံ အတွင်းမှ ထွက်ခွာခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အစိုးရသည် ပြည်ပထွက်ပြီး အလုပ်လုပ်မည့် ကျန်းမာရေးဝန်ထမ်းထောင် ပေါင်းများစွာကို နှစ်စဉ်စေလွှတ်သော်လည်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်မြင့်တက်နေသောကြောင့် ပြည်တွင်းရှိ  ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို အားဖြည့်ပေးရန်ကြိုးပမ်းလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံ၌ ဇွန် ၅ ရက်တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားသူ ၆၉၅၅ ဦးရှိသည့် အတွက် ရောဂါကူးစက်ခံရသူစုစုပေါင်း ၁ ဒသမ ၂ သန်းကျော်ရှိလာကြောင်း သိရသည်။                         

Ref: TST