ဖိလစ်ပိုင်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်သန်းကျော်ရှိလာ

ဖိလစ်ပိုင်နိုင်ငံ၌ မကြာသေးမီက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး တိုးတက်လာမှုကို ဆက်လက် ထိန်းထားရေးအတွက် ကွာရန်တင်း ကန့်သတ်ချက်များ ဆက်လက်ချမှတ်ရန်  သို့မဟုတ်  စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆွေးနွေးနေစဉ် အဆိုပါရောဂါဖြစ်ပွားသူ တစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိုနိုင်ငံ၌ ဧပြီ ၂၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉ဝဝဝ ရှိသည့်အတွက် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁ဝဝ၆၄၂၈ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၇ဝဝဝ နီးပါးရှိလာသည်။

ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အင်ဒိုနီးရှားပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ထက်ဝက်နီးပါးရှိသော မနီလာမြို့၌ ရောဂါဖြစ်ပွားသူ အရေအတွက်သည် မတ်လလယ်မှစ၍ တင်းကျပ်သော ကန့်သတ်ချက်များ  ချမှတ်ပြီးနောက် ကျဆင်းလာသော်လည်း စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် စောလွန်းနေသေးကြောင်း တာဝန်ရှိသူများက သတိ ပေးထားသည်ဟု ထုတ်ပြန်ချက် အရ သိရသည်။