ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသဟောင်း)များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဦးဆောင်သူများအား ဖမ်းဆီးအရေးယူ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသဟောင်း)များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဦးဆောင်သူများအား ဖမ်းဆီးအရေးယူ

၁။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက် နေ့လယ်ပိုင်းတွင် ကျော်ကိုကို၊ လင်းထက်နိုင်(ခ) ဂျိမ်း(စ်) တို့ဦးဆောင်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ ဟောင်း)များသည် လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသားအုပ်စုများ၊ ရန်ကုန်ရှိ အခြားကျောင်းသားသမဂ္ဂများ၊ Generation Wave (GW)နှင့် Future Nation Alliances(FNA)အုပ်စုတို့ ဦးဆောင်သည့် CSO များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)တို့နှင့် ပူးပေါင်းကာ အင်အား ၁၀၀၀ ဦးကျော်ဖြင့် တာမွေ မြို့နယ် ရဲစခန်းရှေ့ရှိ ဗညားဒလလမ်းတွင် CDM နိုင်ငံရေးအန်တုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ ကြပါသည်။

၂။ အဆိုပါ CDM ဆန္ဒပြသပိတ်အင်အားစုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီး ပိတ်ဆို့၍ အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခြင်းပြုလုပ်၍ ကျား ၁၈၈ ဦး၊ မ ၂၀၀ ဦး၊ သံဃာ ၁ ပါးတို့ကို ဖမ်းဆီးခေါ်ဆောင်ကာ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၈၉ ဦးထဲတွင် ဗကသ ဦးဆောင်သူ ၇ ဦးဖြစ်သည့် ဝေယံဖြိုးမိုး(ဗကသ၊ ဒုဥက္ကဋ္ဌ)၊ လေပြေစိုးမိုး(ဗကသ)၊ ဇော်ထက်နိုင်(ဗကသ)၊ အောင်ဖုန်းမော်(ဗကသ)၊ ဘုန်းထက်နောင်(ဗကသ)၊ သုတစိုး (ရန်ကင်းပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ)၊ အေးအောင်(၉၆ ခုနှစ် ကျောင်းသား ဟောင်း)တို့ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။

၃။ CDM သပိတ်စစ်ကြောင်းတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဗကသဟောင်း ကျော်ကိုကို (ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးခေါင်းဆောင်)သည် ဖမ်းဆီးခံခဲ့ရသည့် လူအုပ် ကြားထဲတွင် ပါဝင်ခဲ့သော်လည်း ဆေးရုံသို့လွှဲပြောင်းပေးမည့် ဆန္ဒပြ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးနှင့်အတူ နှလုံးရောဂါသည်အဖြစ် ဟန်ဆောင်လိမ်ညာ၍ နှလုံးအရမ်း ဖောက်နေကြောင်း၊ မောနေကြောင်း လိမ်လည်ပြောဆိုကာ ဆန်းထွန်းအောင် အမည်ဖြင့် Ambulance ကားဖြင့် လိုက်ပါကာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖွင့်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၄။ ဖမ်းဆီးရမိခဲ့သည့် တရားခံ ဝေယံဖြိုးမိုး(ဗကသ၊ ဒုဥက္ကဋ္ဌ)နှင့် ဗကသကျောင်းသား များ၏ ဝန်ခံထွက်ဆိုချက်အရ CDM သပိတ်စစ်ကြောင်းတွင် အဓိက ဦးဆောင်ပါဝင်ခဲ့ ကြသူများကို အောက်ပါအတိုင်း ဖော်ထုတ်တွေ့ရှိရပါသည်-
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသဟောင်း) အုပ်စုမှ ကျော်ကိုကို၊ လင်းထက်နိုင်(ခ)ဂျိမ်း၊ မိုးထက်နေ၊ အေးအောင် (ဖမ်းဆီးရမိ)။
- လက်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) အုပ်စုမှ သန့်ညီညီဝင်း(ဥက္ကဋ္ဌ)နှင့် ဝေယံဖြိုးမိုး(ဒုဥက္ကဋ္ဌ၊ ဖမ်းဆီးရမိ)။
- ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ နိုင်ငံတော်အလံ ဖြုတ်ချရာ၌ ပါဝင်ခဲ့ဖူးသူ မင်းဟန်ထက်(ဥက္ကဋ္ဌ)နှင့် သုတကျော်(အတွင်းရေးမှူး)။
- ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရတကသ)မှ ညီဇော်(ဥက္ကဋ္ဌ)၊ အောင်ကောင်းဆက်(ပြန်ကြားရေး)၊ ဟေမာန်စိုးညွန့်(အတွင်းရေးမှူး)၊ လေပြေစိုးမိုး (ကျောင်းသားထုအခွင့်အရေးတာဝန်ခံ၊ ဖမ်းဆီးရမိ)၊ ဘုန်းထက်နောင်(ပညာရေးတာဝန်ခံ၊ ဖမ်းဆီးရမိ)၊ အောင်ဖုန်းမော် (သုတေသနတာဝန်ခံ၊ ဖမ်းဆီးရမိ)။
- ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(YUFL) မှ နွေးနွေးစံ(အတွင်းရေးမှူး)၊ သမဝါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (သန်လျင်)မှ ထူးအေးလင်း(ဥက္ကဋ္ဌ)၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဇော်ထက်နိုင်(ဒုဥက္ကဋ္ဌ၊ ဖမ်းဆီးရမိ)။
- ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြည့်ဖြိုးဇော် (ဥက္ကဋ္ဌ)နှင့် ကျော်ကျော်လင်း(အတွင်းရေးမှူး)။
- CDM ဆန္ဒပြလှုပ်ရှားမှုတွင် CSO လိုင်းတစ်ခုအနေဖြင့် ဦးဆောင်လှုပ်ရှား နေသည့် Generation Wave(GW)မှ မိုဃ်းသွေး၊ Future Nation Alliances(FNA)မှ သက်ဆွေဝင်း။
- နိုင်ငံရေးပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဖိုးဆောင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)မှ မျိုးကျော်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)မှ အောင်မိုးဇော်နှင့် နှင်းနှင်းမွှေး၊ အိသဉ္ဇာမောင်။
- အလုပ်သမားသမဂ္ဂမှ ကျော်နီနှင့် ဖိုးကျော်။

၅။ အဆိုပါ ဆက်စပ်တရားခံ ကျော်ကိုကို အပါအဝင် ၂၃ ဦးတို့အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ကမာရွတ်၊ တာမွေနှင့်မရမ်းကုန်း ရဲစခန်းအသီးသီးတို့တွင် အမှုဖွင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၆။ မိဘပြည်သူများအနေဖြင့် အဆိုပါ ဆက်စပ်တရားခံ ၂၃ ဦးအား ဝိုင်းဝန်း ဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာနယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြား ပေးပါရန်၊ လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။