ဗီယက်နမ်က ရမ်ဒက်ဆီဗီယာကို ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် အတည်ပြုမည်

ဗီယက်နမ်က ရမ်ဒက်ဆီဗီယာကို ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် အတည်ပြုမည်

ဟနွိုင်း၊ ကျန်းမာရေး

ဗီယက်နမ်နိုင်ငံအနေဖြင့် ဂီးလိယက်ကုမ္ပဏီထုတ် ရမ်ဒက်ဆီဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် အတည်ပြုမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက  သြဂုတ် ၃ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ  ရမ်ဒက်ဆီဗီယာဆေးများ လှူဒါန်းမှုကိုလက်ခံရရှိပြီးနောက် အစိုးရက ထိုဆေးများကို သက်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုဌာနအသီးသီးတွင်အသုံးပြု နေပြီဖြစ်ကြောင်း   ဒုတိယကျန်းမာရေးဝန်ကြီးကပြောသည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရမ်ဒက်ဆီဗီယာဆေးကို ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ်အသိအမှတ်ပြု နိုင်ရေး သုတေသနပြုလေ့လာနေပြီး မကြာမီ အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းင်းကဆက်ပြောသည်။

ရမ်ဒက်ဆီဗီယာဆေးကို အမေရိကန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားကဲ့သို့သော နိုင်ငံများက ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ ခံစားနေရသူများအတွက် အရေးပေါ် အသုံးပြုခွင့်ပေး ထားပြီး   ဂျပန်နိုင်ငံက ထိုဆေးများကိုအသုံးပြုရန် အပြည့်အဝ ခွင့်ပြုထားပြီးဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ရမ်ဒက်ဆီဗီယာ ဆေးအလုံးပေါင်း ငါးသိန်းကိုလက်ခံ ရရှိသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကုသရေးတွင် ထိရောက်မှုရှိကြောင်းမြင်တွေ့ ထားရသည့် ဖာဗီပီရာဗီယာဆေးကိုလည်း  ကိုဗစ်-၁၉ ရောဂါကုသဆေးအဖြစ် အတည်ပြု ပေးနိုင်ရန်စဉ်းစားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: CAN