ဗြိတိန်က ဖေဖော်ဝါရီလလယ်အထိ လူ ၁၅ သန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးမည်

 

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်အစိုးရသည် ဦးစားပေးသတ်မှတ် ချက်လေးမျိုးတွင်ပါဝင်သည့် နိုင်ငံ၏လူဦးရေ ၁၅ သန်းခန့်ကို ဖေဖော်ဝါရီလလယ်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုး အစီအစဉ်အတွက် တာဝန်ရှိသူ ဝန်ကြီးနတ်ဟင် ဇာဟာဝီက ဇန်နဝါရီ ၁၁ ရက်တွင်ပြော သည်။

၎င်းင်းတို့အနေဖြင့် တစ်ရက်အတွင်း လူနှစ် သိန်းခန့်ကို  ကာကွယ်ဆေးထိုးခြင်း စတင်ဆောင်ရွက်နေပြီး ယခုသီတင်းပတ်အတွင်း မယုံနိုင်လောက်သည့် အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နတ်ဟင်ဇာဟာဝီက Sky News သတင်းဌာနသို့ ပြောသည်။ ဗြိတိန်တစ်နိုင်ငံလုံးတွင် ဦးစားပေး သတ်မှတ်ချက်လေးမျိုး စာရင်းပါလူဦးရေ စုစုပေါင်း ၁၅ သန်းရှိပြီး အင်္ဂလန်တစ်နိုင်ငံတည်း၌ပင်   ၁၂ သန်း ရှိသည့်အတွက်  အားလုံးကိုကာကွယ်ဆေးထိုးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

နိုင်ငံအတွင်းရှိကုန်တိုက်ကြီးများ၌ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားမည်ကိုတာဝန်ရှိသူ များက စိုးရိမ် ပူပန်နေပြီး  အထူးသဖြင့် ဈေးလာဝယ်သူများက နှာခေါင်းစည်းမတပ်ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ယခုအချိန်တွင်အရေးအကြီး ဆုံးလုပ်ဆောင်ရမည့်အချက်မှာ လူတိုင်းစည်းကမ်းလိုက်နာခြင်း ဖြစ်သည်ဟု နတ်ဟင်ဇာဟာဝီက ပြောထားသည်ဟုသိရသည်။

Ref: TST