ဗြိတိန်က မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်းအသုံးပြုခွင့်ပေး

 

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်ဆေးဝါးကွပ်ကဲရေးတာဝန်ရှိသူ များသည် မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို   နိုင်ငံအတွင်း အရေးပေါ်အသုံးပြုခွင့်ပေးကြောင်းနှင့် ထိုကာကွယ်ဆေးသည် နိုင်ငံအတွင်းတတိယ မြောက်အတည်ပြုခွင့်ရသည့် ကာကွယ်ဆေးဖြစ်လာကြောင်းသိရသည်။

ဆေးဝါးကွပ်ကဲရေး တာဝန်ရှိသူများသည် ဖိုင်ဇာနှင့်  ဘိုင်အိုအန်တက်ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို  အတည်ပြုပြီးနောက်  ဒီဇင်ဘာလတွင် အက်စထရာဇီနီကာနှင့် အောက်စဖို့တက္ကသိုလ်တို့ ပူးတွဲဖော်စပ်ထား သော ကာကွယ်ဆေးကိုထပ်မံအတည်ပြုခဲ့သည်။

မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နှစ်ကြိမ်ထိုးရသော ကာကွယ်ဆေးဖြစ်ပြီး အမေရိကန်နှင့်ကနေ ဒါနိုင်ငံတို့၌ အသုံးပြုခွင့်ရရှိပြီးဖြစ်သည်။ ထို့ပြင်အစ္စရေးနိုင်ငံကလည်း    ယခု သီတင်းပတ်အစောပိုင်းတွင် ထိုကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေးလိုက် ကြောင်းသိရသည်။ ထိုကာကွယ်ဆေးသည်  လက်တွေ့စမ်းသပ်မှုများတွင် အာနိသင် ထိရောက်မှု ၉၅ ရာခိုင်နှုန်းရှိကာ ဆိုးဝါး သော ဘေးထွက်ဆိုးကျိုးများမရှိကြောင်း သိရသည်။

Ref: CNA