ဗြိတိန်၌ ကုန်တင်ယာဉ်မောင်းလိုအပ်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နိုင်

လန်ဒန်၊ ပြည်တွင်းရေး

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုနှင့် Brexit ဖြစ်စဉ်ပြီးနောက် ကုန်တင်ယာဉ် မောင်းဦးရေတစ်သိန်းကျော်လိုအပ်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နိုင်ကြောင်း အဆိုပါလုပ်ငန်းမှ ခေါင်းဆောင်များက သတိပေးထားသည်။ ထိုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ဥရောပမှ ကုန်တင် ယာဉ်မောင်းများကိုယာယီအလုပ်သမားဗီဇာ ထုတ်ပေးကာလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန် ကုန်တင် ယာဉ်မောင်းလုပ်ငန်းမှ တာဝန်ရှိသူများက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ထံ စာရေးသားတောင်း ဆိုထားသည်။ မကြုံစဖူးထူးကဲသောနှင့်မမျှော်လင့်ထား သောဆိုးဝါးသည့်အခြေအနေကို ပြောင်းပြန် လှန်ရန်မှာ အစိုးရ၏ကြားဝင် ဆောင်ရွက်ပေးမှုသည်သာ တစ်ခုတည်းသောနည်းလမ်း ဖြစ်ကြောင်း အဆိုပါစာထဲတွင်ရေးသားထားသည်။ သို့သော် Brexit ဖြစ်စဉ်ပြီးနောက် နိုင်ငံ၏ လူဝင်မှုကြီး ကြပ်ရေးစနစ်အသစ်အရ ပြည်ပမှအလုပ်သမားများထက် ပြည်တွင်းကုန်တင်ယာဉ်မောင်းများကို ခန့်ထားရေးအတွက် ဦးစားပေးစဉ်းစားသင့်ကြောင်းဗြိတိန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။ ဗြိတိန်နိုင်ငံရှိ ကုန်ပဒေသာတိုက်လုပ်ငန်းကြီးများကို တက်စကို၊ စိန်းဘယ်ရီ၊ အက်စဒါနှင့် မော်ရစ်ဆင်တို့က ကြီးစိုးနေပြီး ၎င်းတို့အနေဖြင့် ဥရောပတစ်ဝန်းမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို ၎င်းင်းတို့၏ ကုန်တိုက်ကြီးများတွင်တင်နိုင်ရေးအတွက် ကုန်တင်ယာဉ် မောင်းနှင့် ဂိုဒေါင်အလုပ်သမားအများအပြားအပေါ်မှီခိုနေရကြောင်းသိရသည်။