ဗြိတိန်၌ အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ဆေးထိုးပြီးနောက် သွေးခဲပြီး သေဆုံးသူ ခုနစ်ဦးရှိ

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်နိုင်ငံ၌ အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာ ကုမ္ပဏီတို့ ပူးတွဲထုတ် လုပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးနောက် သွေးခဲမှုဖြစ်ပေါ်သူ အယောက် ၃ဝ အနက် ခုနစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဧပြီ ၃ ရက် တွင်ပြောသည်။

ဗြိတိန်နိုင်ငံတွင် အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးကို လူဦးရေ ၁၈ ဒသမ ၁ သန်းတွင်ထိုးပေးပြီးနောက်  သွေးခဲသည့် ဝေဒနာခံစားရသူအယောက် ၃ဝ ကို တွေ့ရှိခြင်းဖြစ်သည်။

၎င်းတို့အနက် ၂၂ ဦးမှာ ဦးနှောက် အတွင်းသွေးခဲခြင်းဖြစ်ပြီး ထိုသို့ဖြစ်ခြသည် အလွန်ရှားပါးသောဖြစ်စဉ်ဖြစ်ကာ ကျန်ရှစ်ဦးမှာ သာမန်သွေးခဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း အသုံးပြုနေသည့် ဖိုင်ဇာနှင့် ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကာကွယ် ဆေးများကြောင့် ထိုကဲ့သို့သွေးခဲမှု ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။

အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးသည် သွေးခဲမှု ဖြစ်ပေါ်နိုင်ခြေရှိ သည့်အတွက် ဥရောပနိုင်ငံ အများအပြားက  အသုံးပြုမှု ခေတ္တရပ်ဆိုင်းထားစဉ် ဗြိတိန် နိုင်ငံ၌ ယခုကဲ့သို့ သေဆုံးမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နယ်သာလန်နိုင်ငံက ထိုကာကွယ်ဆေးထိုးမှု ခံယူထားသူ အသက် ၆ဝ အောက်များ အနက် အမျိုးသမီး ငါးဦးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံး ပြီးနောက် အဆိုပါ ကာကွယ်ဆေးထိုး အစီအစဉ်ကို ဧပြီ ၂ ရက်တွင်  ဆိုင်းငံ့လိုက်ကြောင်း သိရသည်။