ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၌ ပေါက်ကွဲမှုကြောင့် လူခုနစ်ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ဇူလိုင် ၂၇ ရက်တွင်  ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၅ဝ ကျော် ဒဏ်ရာရရှိကြောင်း  ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါပေါက်ကွဲမှုသည်  မော့ဘဇားဒေသ၏ လူသွားလူလာများသော လမ်းမပေါ်ရှိ  သုံးထပ်တိုက် မြေညီထပ်၌ ဖြစ်ပွား ခြင်းဖြစ်ပြီး  ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပေါက်ကွဲမှုကြောင့်  အနီးရှိ အဆောက်အအုံခုနစ်လုံးနှင့် ဘတ်စကားသုံးစီး ပျက်စီးသွားကာ  ဒဏ်ရာရရှိသူများကို  ဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း  ဒါကာမြို့ရဲတပ်ဖွဲ့မှ   ရဲမှူး ရှာဖီကူအစ္စလာမ်က ပြောသည်။

မီးသတ်ဌာနအနေဖြင့် ထိုပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းရန် အကြမ်းဖက်မှု တုံ့ပြန်ရေးအဖွဲ့၊ ဗုံးရှင်းလင်းရေး အဖွဲ့တို့နှင့်အတူ  ပူးတွဲဆောင်ရွက်နေကြောင်း   ရဲတပ်ဖွဲ့မှ အခြားတာဝန်ရှိသူတစ်ဦးက ပြောသည်ဟု သိရသည်။

Ref: CNA