ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၄

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက်  ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ လွှတ်တော်ရုံးများနှင့် ဗဟိုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။ 
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၀၀(ခ) အရ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်အဆိုင်ရာ ဥပဒေကြမ်းများသည် နှစ်စဉ် ပုံမှန်မဖြစ်မနေ ပြဋ္ဌာန်းဆောင်ရွက်ရမည့် ဥပဒေကြမ်းများဖြစ်သည့် အားလျော်စွာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ဘဏ္ဍာရေးနှစ်ကိုယခင်က နှစ်စဉ် ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေး နှစ်မှစ၍ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သတ်မှတ် ခဲ့ကြောင်း၊ ယခုအခါ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြန်လည် ပြောင်းလဲ ပြင်ဆင်သတ်မှတ်မည်ဖြစ်သည့်အတွက် ကြားကာလဘတ်ဂျက်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘလ ၁ ရက်နေ့မှ ၂၀၂၂ ခနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၆ လအတွက် အရ အသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲရခြင်းဖြစ်ကြောင်း။
    ယခုအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့်အများထိခိုက်မှုရှိသည့်အပြင် နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြားသာမန်ရငွေများအပါအဝင် နိုင်ငံတော် ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ၆ လတွင်လည်း ရငွေများဆက်လက် လျော့နည်းနိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အသုံးစရိတ်များကို မဖြစ်မနေသုံးစွဲရမည် ဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ အသုံးစရိတ်များကို အတတ်နိုင်ဆုံးစိစစ်သုံးစွဲသွားကြရန် တိုက်တွန်းလို ကြောင်း၊ ဘတ်ဂျက်ကာလ ၆ လ သာဖြစ်သည့်အတွက် ရငွေလျာထားချက်များသည် ၆ လအတွင်းအမှန်ရရှိနိုင်သော ရငွေများဖြစ်ရန်နှင့် အသုံးစရိတ်လျာထားချက်များသည် ၆ လအတွင်း အမှန်သုံးစွဲနိုင်မည့် အသုံးစရိတ်များကိုသာ လျာထားကြရန်လိုအပ် ကြောင်း။
    ထို့အပြင် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများက ရေးဆွဲတင်ပြလာ သည့် ၆ လတာအတွက် အရအသုံးလျာထားချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီးဌာနမှလည်း နိုင်ငံတော်ကချမှတ်ပေးထားသော မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်တင်ပြလာသည်ကိုတွေ့ရှိရ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုကို တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများမထပ်နေရန်လိုအပ်ကြောင်းဖြင့်မှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က (၆)လအတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုအတွက် ရေးဆွဲလျာထားပေးမှုအခြေအနေ၊ ရငွေရရှိရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှ ၂၀၂၂ ခုနှစ် မတ်လထိ (၆)လအတွက် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့ အစည်းများ၏ အရအသုံးခန့်မှန်းငွေစာရင်းများနှင့်စပ်လျဉ်း၍ စိစစ်ပြီးစီးမှု အခြေအနေ နှင့် ပုံမှန်မဟုတ်သည့် အသုံးစရိတ်များအတွက် လျာထားရေးဆွဲထားရှိမှု အခြေအနေ များကို  ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍငွေ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထား မှုများမှ စစ်ဆေးတွေ့ရှိချက်များနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မဲခေါင်-လန်ချန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်လေးခုတွင် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် သဘာဘေးအန္တရာယ် အသိပညာပေးစင်တာ တည်ဆောက်ရေး၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီး ဌာန ဖွဲ့စည်းပုံ တိုးချဲ့ဖွဲ့စည်းရေး၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက  ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းရှိ ကျိုင်းတောင်းရေလှောင် တမံစီမံကိန်း အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်ရေးအတွက် ဘဏ္ဍာ ငွေတိုးမြင့်ရရှိရေး စသည့် ဖြည့်စွက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အရအသုံးခန့်မှန်းခြေ လျာထားချက်အတွက် ဖြည့်စွက်တင်ပြသည့် ဝန်ကြီးဌာနများနှင့် ထပ်မံညှိနှိုင်း ဆွေးနွေးရေး၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနေဖြင့်  ဘဏ္ဍငွေ သုံးစွဲမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို  သက်ဆိုင်ရာအကြီးအကဲများက စစ်ဆေးကြပ်မတ် ဆောင်ရွက် ပေးရေး၊ ပြည်ထောင်စုအဆင့်  ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ မတ်လအထိ (၆)လအတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက် ဆောင်ရွက်ရန်ရှိပါက ရသုံးခန့်မှန်ခြေ ငွေစာရင်းဦးစီးဌာနနှင့် အမြန်ဆုံးဆက် သွယ်ဆောက်ရွက်ကြရန်  အကြံပြု ဆွေးနွေး တင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်မတ်လအထိ ၆ လအတွင်းအရအသုံးခန့်မှန်းခြေ ငွေစာရင်း စိစစ်ခြင်းအစည်းအဝေးတွင် သက်ဆိုင်ရာ ဗဟိုအဆင့်၊ ဝန်ကြီးဌာနအဆင့် အသီးသီးတို့၏တင်ပြချက်များနှင့်ပတ်သက်၍ အဆင့်ဆင့်သောအဖွဲ့အစည်းများက စိစစ်ပြီး စနစ်တကျဖြင့်တင်ပြထားသည်ကို တွေ့ရှိရကြောင်း၊ တင်ပြချက်ဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်က အတည်ပြုသည့်အခါ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့၊ ၎င်းမှတစ်ဆင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း။
ဥပဒေပြဋ္ဌာန်းပြီးသည့်အခါ ဝန်ကြီးဌာနများအနေဖြင့် ရငွေများကို လျာထားချက် အတိုင်း အပြည့်အဝရရှိအောင် ကျိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး မိမိတို့ခွဲဝေရရှိ သည့် ဘဏ္ဍာငွေများကို သုံးစွဲရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အထောက်အကူပြုစေသည့် အသုံးစရိတ်များ၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန် လိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများက တင်ပြတောင်းခံကြသည့် အသုံးစရိတ်များတွင် ပုံမှန်လိုအပ်သည့် အသုံးစရိတ်များအပြင် ကုန်ထုတ်လုပ်မှုကို အကျိုးပြုစေမည့် စက်ရုံ များပြန်လည်လည်ပတ်ရေးအတွက် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်ပတ်သက်သည့် အသုံးစရိတ်များ ၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမည့် ပြည်ပချေးငွေ/ပြည်ပအကူအညီရငွေ တို့ဖြင့် ဆောင်ရွက်မည့်အသုံးစရိတ်များ ပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း။
ဘတ်ဂျက်စက်ဝန်းအရ ယခုကဲ့သို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲဆောင်ရွက်တင်ပြနေချိန်တွင် ၂၀၂၀ -၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ကို အပြီးသတ် အကောင်အထည်ဖော်ရမည့် အချိန်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကပ်ရောဂါစိန်ခေါ်မှုများနှင့် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အရ ကြုံတွေ့ရသည့် စိန်ခေါ်မှုများရှိနေသော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ရငွေလျာထားချက်များ အတတ်နိုင်ဆုံးပြည့်မီ ရေး၊ ခွင့်ပြုပြီးအသုံးစရိတ်များ အချိန်မီသုံးစွဲနိုင်ရေး၊ အချိန်မီသုံးစွဲနိုင်ခြင်းမရှိသည့် အသုံး စရိတ်များကို သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံခြင်းတို့ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ ဝင်ငွေရရှိရေးအတွက် ကြိုးပမ်းဆောင် ရွက်နေကြရသည့် ဝန်ကြီးဌာနများရှိသကဲ့သို့ မဖြစ်မနေ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များ စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ကိုယ်စား သုံးစွဲရသည့် ဝန်ကြီးဌာနများလည်းရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါနှင့် အထွေထွေ စိန်ခေါ်မှုများကြောင့် ဝင်ငွေရှာဖွေရာတွင် အခက်အခဲအနည်းနှင့်အများရှိ သည်ဖြစ်သော်လည်း မိမိတို့ အနေဖြင့် မလျှော့သောဇွဲ၊ စုပေါင်းအားဖြင့် အခြေအနေ ပေးသည့်အပေါ်တွင် ရနိုင်သည့်ဘက်မှ မဖြစ်မနေ မိမိတို့ဝန်ကြီးဌာနအလိုက် သတ်မှတ်ပေးထားသည့် လျာထားဝင်ငွေများရရှိ အောင် အစွမ်းကုန်ကြိုးပမ်းအားထုတ် ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အလားတူ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့် ဝန်ကြီးဌာနများအနေဖြင့်လည်း မဖြစ် မနေ သုံးစွဲရမည့် အသုံးစရိတ်များမှအပ အတတ်နိုင်ဆုံးချွေတာသုံးစွဲကြရန်လည်း မှာကြား လိုကြောင်း၊ ဝင်ငွေရှာဖွေခြင်းနှင့် သုံးစွဲခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင် စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိရသည့် အချက်များအနက် အများဆုံးအားနည်းချက်တွေ့ရှိရသည့် အချက် ၉ ချက်အပြင်ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက် သွား ရန်လိုကြောင်း၊ ထို့အတူ လာမည့် ၆ လတွင်လည်း ဥပဒေပါရငွေ၊ သုံးငွေ လျာထား ချက်များ ကိုနီးစပ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်တိုက်တွန်းလို ကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။