ဘာကီနာဖာဆို၌ဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံး

ဝါဂါဒူဂူ၊ အကြမ်းဖက်တိုက်ခိုက်မှု

ဘာကီနာဖာဆိုနိုင်ငံမြောက်ပိုင်းရှိကျေးရွာတစ်ရွာကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း အစိုးရက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ထိုလက်နက်ကိုင်အဖွဲ့များက လူနေအိမ်များကိုမီးရှို့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုသည် အနောက်အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘာကီနာဖာဆိုနိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း   လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဇွန် ၅ ရက် နံနက်အစောပိုင်းတွင် အိမ်နီးချင်းနိုင်ဂျာနိုင်ငံနှင့် နယ်စပ်ဒေသအနီး ဆော့ဘာရွာ အနီးရှိရွှေတွင်းကို စတင်ဝင်ရောက် တိုက်ခိုက်ပြီးမှ ရွာ၏ဈေးကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘာကီနာဖာဆိုနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသည် ပြီးခဲ့သည့်နှစ်များအတွင်း အစွန်းရောက်ဝါဒီများ၏ အကြမ်း ဖက်မှုများနှင့် ပြန်လည်ရင်ဆိုင်နေရသည်။

အကြမ်းဖက်တိုက်ခိုက်မှုအများစုကို IS စစ်သွေးကြွအဖွဲ့နှင့် အယ်ကိုင်ဒါစစ်သွေးကြွအဖွဲ့တို့နှင့်ဆက်စပ်နေသည့် အစ္စလမ်မစ် အကြမ်းဖက် သမားများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။         

Ref: TST