ဘာစီလိုနာအသင်း၌ မက်ဆီဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁ဝ)ကို လူငယ်တိုက်စစ် ကစားသမားဖာတီ ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း အတည်ပြုကြေညာ

ဘာစီလိုနာအသင်း၌ မက်ဆီဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁ဝ)ကို လူငယ်တိုက်စစ် ကစားသမားဖာတီ ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း အတည်ပြုကြေညာ

ဘာစီလိုနာအသင်း၌   မက်ဆီဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁ဝ)ကို လူငယ်တိုက်စစ် ကစားသမား ဖာတီ  ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း  အတည်ပြုကြေညာခဲ့သည်။

ဘာစီလိုနာအသင်း၌ ကျောနံပါတ်(၁ဝ) ဝတ်ဆင်ကစားပြီး   အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သော မက်ဆီသည် ယခုနှစ် ကစားသမား အပြောင်းအရွှေ့ ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီ  အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ကျောနံပါတ်  (၁ဝ)မှာ လစ်လပ်နေခြင်းဖြစ်သည်။

အသင်းတွင်    မက်ဆီ မရှိတော့သည့်နောက်ပိုင်း ဘာစီလိုနာ အသင်း၌ ကျောနံပါတ်(၁ဝ)ကို ထာဝရ အသုံးမပြုရန် အစောပိုင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ သော်လည်း  စပိန်လာလီဂါ အဖွဲ့ချုပ်၏  စည်းမျဉ်းများကြောင့်   အသုံးမပြုရန် မဖြစ်နိုင်သည့်အတွက် ဆက်လက်အသုံးပြုရန်    ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းက ကျောနံပါတ်(၁ဝ)အား ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ဝတ်ဆင်ရန် ခွင့်ပြုပေးခဲ့သော်လည်း   ကော်တင်ဟိုကိုယ်တိုင်က  ငြင်းပယ်ခဲ့သည့်အတွက် ဖာတီကို ဝတ်ဆင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသမိုင်းတစ်လျှောက် ကျောနံပါတ်(၁ဝ)ကို ဂန္ထဝင် ကစားသမားများဖြစ်သော ဟူဂီ၊ အီဗာရီစတို၊ မာရာဒိုနာ၊ ရိုမာရီနို၊ ရီဗယ်ဒို၊ ရော်နယ် ဒင်ဟို၊  ကူဘာလာနှင့်  မက်ဆီတို့က  ဝတ်ဆင်ခဲ့ကြသည်။ အဆိုပါ ကစားသမားများ အနေဖြင့် အသင်းနှင့် အကောင်းဆုံး ခြေစွမ်းများ ပြသနိုင်ခဲ့ပြီး အောင်မြင် မှုများစွာ ရယူပေးနိုင်ခဲ့ကြကာ  မက်ဆီသည်လည်း ကျောနံပါတ်(၁ဝ) ဝတ်ဆင်ပြီး   ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ခြောက်ကြိမ်အထိ ရရှိခဲ့ကြောင်း သိရသည်။