ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံးဝင်းအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံး ဝင်းအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင် စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီဂျင်စက်ရုံဆိုင်းဘုတ်ကို  ဖဲကြိုးဖြတ်၊  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု၍  လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါစက်ရုံကို ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သြဂုတ် ၁၃ ရက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာ  ဆလင်ဒါအိုး ၂၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။             

   (၁၀၀)