ဘားအံမြို့၌ (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားပြုလုပ်

ဘားအံမြို့၌ (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၇

(၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြုလုပ်ရာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ထံမှ ပေးပို့သော (၆၆)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှဝ် သဝဏ်လွှာ ကို ပြည်နယ်အစိုးရအဖွဲ့ သဘာပတိအဖွဲ့ဝင် ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးသိန်းကိုကို မှ ဖတ်ကြားသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက (၆၆)နှစ်မြောက် ကရင်ပြည် နယ်နေ့အထိမ်းအမှတ်ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပြခန်း များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။