ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အိမ်မဲမြို့၊ မြောင်းမြမြို့နှင့် ကျုံပျော်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ပြည်သူ့ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အခြေခံပညာအထက်တန်း ကျောင်းတို့၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းများနှင့် ဆေးရုံများအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း တို့ကို စုပေါင်း ဆောင်ရွက်ပေးသည်။

ထို့သို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌများက သွားရောက် ကြည်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။