ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၃

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများ က တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ၊ ကိုးနဝင်းဘုန်းတော် ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ် ကျေးရွာရှိ ဆုထူးပန်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတု ဝိဇ္ဇာဝိပဿနာကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အောက်ရွာကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဉပုပ်တော်ရပ်၊ တိပိဋကထိန်လင်းစာသင်တိုက်နှင့် ကထိန်တော်ဓမ္မာစရိယ စာသင်တိုက်များသို့ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းကြသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာ၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတိုက်မှ သံဃာတော်များ အား နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။