ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁၄

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လှူဒါန်းပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားအရှေ့ခြမ်းတောင်ပေါ်ဒေသရှိ ပြဒါးချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ညောင်ပင်ကုန်းဘုန်းတော်ကြီးကျောင်းနှင့် ဂမုန်းတောင်ဘုန်းတော်ကြီးကျောင်း၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်၊ မဟာလယ်တီစံကျောင်းတိုက်၊ ဝိပဿနာကျောင်းတိုက်၊ မူလသုဓမ္မာ မေဒနီသီလရှင်စာသင်တိုက်၊ ပုဗ္ဗသီရိမြို့နယ်၊ ဉာဏဂုဏ်ရည်စာသင်တိုက်၊ ကျောင်းစု ကျောင်းတိုက်နှင့် ကြာကန်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာရှိ ရဲစုရွာဦး ကျောင်းတိုက်နှင့် လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ စွန်းလွန်ဂူကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ ဒက္ခိဏာရာမ (ရွှေကျင်)ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သစ်ဆိမ့်ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ စက္ခုပါလပရိယတ္တိ စာသင်တိုက်၊ ဓမ္မသစ္စာကျောင်းတိုက်၊ ရွှေပြည်ငြိမ်းချမ်းဆုတောင်းပြည့်ကျောင်း တိုက်နှင့် သုခဝိဟာရကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။