ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၄

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့- လွိုင်မွေသွားလမ်းရှိ ထမ်ခေါင်ကျားခေါင်းဂူ ကျိုက်ထီးရိုးတောရကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊(၃/ခ) ရပ်ကွက်ရှိ ကံသုံးဆင့်စာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ကျောက်ကြီး တောင်ဘုန်းတော်ကြီးကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ ရေနံ့သာပရိယတ္တိစာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ရွှေပန်းတောင်းဘုန်းတော်ကြီးကျောင်း၊ နဝဒေးရပ်ကွက်ရှိ စန္ဒာသိင်္ဂီ သီလရှင် ကျောင်း နှင့် ပဲခူးမြို့၊ သွန်းဘုရားရပ်ကွက်၊ သွန်းဘုရားလမ်း၊ သီရိမင်္ဂလာ ကြခတ်ဝိုင်း ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် အဆိုပါ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။