ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၆

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ သုခဝိဟာရကန်မိန်းကျောင်းတိုက်နှင့် နမ့်ဆန်မြို့၊ ဇယန်းကြီးကျောင်းတိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မြို့မ ဘုန်းတော်ကြီးကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်းနှင့် သဗ္ဗညုဘုန်းတော်ကြီး ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာရှိ မာလာရုံ ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အာဇာနည်ပရိယတ္တိ စာသင်တိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မဟာဂန္ဓာရုံတပ်ဦးကျောင်းတိုက်နှင့် အောက်ရွာ ဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မဟာစည် သာသနာ့ရိပ်သာ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ဖြူမယ် ကျောင်းတိုက်၊ ပျော်ဘွယ်မြို့နယ်၊ မြင်းဘက်ရပ်ကွက်ရှိ ဝေသန္တရာဘုန်းတော်ကြီး ကျောင်း၊ မလွန်မြို့နယ်၊ စည်တိုင်းရွာသစ်ဘုန်းတော်ကြီးကျောင်းနှင့် သရက်မြို့နယ်၊ စခန်းကြီးကျေးရွာရှိ တပ်ဦးဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။