ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 

နေပြည်တော်၊ ဩဂုတ် - ၁၉

    တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သဲအင်းရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ဝါကပ်သီတင်း သုံးတော်မူကြသော သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် ၃၇၆၉ ပါး၊   ပုသိမ်ကြီးမြို့နယ်၊ လေးကျွန်းမာန်အောင်သာမဏေကျော်စာသင်တိုက်နှင့် ပျော်ဘွယ် မြို့နယ်၊ ရန်အောင်ကျေးရွာ၊ ဇေယုတောင်တောရကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် နယ်မြေခံတပ်မတော် သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပြီး ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။