ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၂၀

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တောင်ကလေးပရိယတ္တိသာသနာ့အေးရိပ်သာ စာသင်တိုက်နှင့် လမင်းပရိယတ္တိ စာသင်တိုက်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက သွားရောက်၌ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက် အကူပြုဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျိုက်ဒေးဝကျောင်းတိုက်နှင့် လှည်းကူးမြို့နယ်၊ ဆားတလင်းကျေးရွာရှိ ရှေးဟောင်း တောရဓမ္မဝိယာရကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏရာမဘုရားကြီးတိုက်၊ နယားကျောင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီး ကျေးရွာရှိ မဂ္ဂင်တောရဘုန်းကြီးကျောင်း၊ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် မင်းလှမြို့နယ်၊ မလွန်စာကြောစာသင်တိုက်တို့ရှိ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော် သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။