ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 
နေပြည်တော်၊ ဩဂုတ် - ၂၃
    တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ပုပ္ဖရာမကျောင်းတိုက်၊ အစင်စံပြကျေးရွာရှိ သာသနာ့ဇောတိက ကျောင်းတိုက်နှင့် ထန်းခြောက်ပင်ကျောင်းတိုက်များသို့ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးများကို ဆက်ကပ်လှူဒါန်းကြသည်။
    အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဉက္ကံမြို့၊ ဗိုလ်ချုပ် အောင်ဆန်းရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ အောင်စည်တော်ဓမ္မသိုက်တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အောင်ဓမ္မပါလသာသနာ့ဗိမာန်တော်၊ အိမ်မဲမြို့ရှိ ကွင်းကျောင်းစာသင်တိုက်၊ ကျောက်ဝိုင်းမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဝေယန်ဘုံသာတိုက်၊ မကွေး တိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ငဖဲမြို့ မိုးကုတ်ဝိပဿနာကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ စန္ဒာရုံရပ်ကွက်ရှိ နန္ဒဝန်ဓမ္မရိပ်သာကျောင်းတိုက်နှင့် ဗိုလ် တစ်ထောင်ရပ်ကွက်ရှိ သာသနာ့ ဝေပုလ္လကာရီ သီလရှင်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိ သည်။