ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ရုံးများနှင့် ပန်းခြံများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ရုံးများနှင့် ပန်းခြံများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁၈
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် နမ့်ဆန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရေကြည်မြို့နှင့် ကျိုက်လတ်မြို့တို့ရှိ  ဘုန်းတော် ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ရုံးများနှင့် ပန်းခြံများတွင်  သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက စုပေါင်း၍ ချုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။