ဘူဂေးရီးယား၌ သတင်းအမှားများနှင့် မယုံကြည်မှုတို့ကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းနှောင့်နှေးနေ

ဆိုဖီယာ၊ ကျန်းမာရေး

ဘူဂေးရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ သတင်းအမှားများနှင့် မယုံကြည်မှုများပျံ့နှံ့ခြင်းကြောင့်   နိုင်ငံအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းမှာ နှောင့်နှေးနေကြောင်းသိရသည်။

ထိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  စတုတ္ထအကျော့ဖြစ်ပွားနေစဉ် နိုင်ငံ၏ လူဦးရေ ၆ ဒသမ ၉ သန်းအနက် ၁၅ ရာခိုင်နှုန်းခန့်သာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးထားပြီး  ထိုအရေအတွက်သည် ဥရောပသမဂ္ဂက သတ်မှတ်ထားသော လူဦးရေ ၅၃ ဒသမ ၃ ရာခိုင်နှုန်းထက် အလွန်နည်းနေသည်။

ဘူဂေးရီးယားနိုင်ငံသားများအနက် ၄၁ ဒသမ ၈ ရာခိုင်နှုန်းက  ၎င်းင်းတို့အနေဖြင့် ကာကွယ်ဆေးထိုးရန် အစီအစဉ်မရှိကြောင်း လူထုစစ်တမ်းတစ်ရပ်တွင်  ဖော်ပြထားသည်။ ထို့ပြင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအနက် အချို့မှာလည်း သံသယများ ဖြစ်ပွားနေသည်။

ကိုဗစ်-၁၉  ရောဂါနှင့် ပတ်သက်သည့်သတင်းအမှားများသည်  အရေးကြီးသောကဏ္ဍတစ်ခုအဖြစ်ပါဝင်နေပြီး ထိုသို့သော သတင်း အမှားများတွင် ကာကွယ်ဆေးထိုးပေးခြင်းသည် ပြည်သူများ၏ လက်မောင်းတွင် ချစ်(ပ်)ပြားများထည့်ခြင်းဖြစ်သည် ဟူသော အကြောင်းအရာလည်းပါဝင်သည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားအပြီးတွင် ပြင်သစ်ဘောလုံးအသင်းပရိသတ်များအောင်ပွဲခံသည့်ပုံများကို   အသုံးပြု၍ ပြင်သစ်နိုင်ငံ၌ ကာကွယ်ဆေးထိုးပြီးသူများကိုသာ ဝင်ထွက်သွားလာခွင့်ချမှတ်မှုအပေါ် ပြည်သူများကဆန္ဒပြခြင်းဟူသောအကြောင်းအရာဖြင့်   လူမှုကွန်ရက်များတွင်ပျံ့နှံ့နေကြောင်း သိရသည်။

Ref: TST