မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်

နေပြည်တော်၊ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ Myanmar Effort အထည်ချုပ်စက်ရုံဝန်ထမ်းများ အား လစာပေးရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀ အား PDF အမည်ခံအကြမ်းဖက်သမား များက ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၅ ရက် နံနက်ပိုင်း၌ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းချုံကျေးရွာ၌ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် Myanmar Effort အထည်ချုပ်စက်ရုံကုမ္ပဏီပိုင်ရှင်ဖြစ်သူ အဆိုပါ ကျေးရွာနေ ဦးဖြိုးမင်းကျော် (၃၁)နှစ်(ဘ)ဦးဆန်းထွန်းသည် စက်ရုံမှ ဝန်ထမ်းများအား လစာပေး နိုင်ရေးအတွက် ပခုက္ကူမြို့၊ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၂၆၀၀ အား ၎င်းစီးနင်းသည့် MGY 9G----— Hundi မော်တော်ယာဉ်ဖြင့် တစ်ဦးတည်းသွားရောက်ထုတ်ယူပြီး ကျေးရွာသို့ပြန်လာစဉ် နံနက် ၁၁ နာရီခွဲအချိန် ပန်းတိုင်းချုံးကျေးရွာအနီးအရောက်၌ လမ်းဘေးရပ်တန့်ထားသည့် Nisan Tarano အမျိုးအစားအဖြူရောင်ယာဉ်ပေါ်မှ PDF အမည်ခံအကြမ်းဖက်သမား ၆ ဦးခန့်မှ လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဆင်းလာပြီး ဦးဖြိုးမင်းကျော်၏ မော်တော်ယာဉ်အား တားဆီးကာ အဆိုပါမော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ဝန်ထမ်းများ လစာပေးချေရန် ထုတ်ယူလာသည့် ငွေကျပ်သိန်း ၂၆၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်ကာ ရေစကြိုမြို့နယ်၊ ဆင်ကျို့ကျေးရွာဘက်သို့ မောင်းနှင်ထွက်သွားခဲ့ပါသည်။
ထိုကဲ့သို့ Myanmar Effort အထည်ချုပ်စက်ရုံပိုင်ငွေနှင့် မော်တော်ယာဉ်တို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။