မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာ တော်အား PDF အကြမ်းဖက် လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်

မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာ တော်အား PDF အကြမ်းဖက် လက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်

 
နေပြည်တော်၊ ဩဂုတ် ၁၉

 
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊နှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန် လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ အသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သိရသည်။
ထိုသို့အကြမ်းဖက်ပြုလုပ်ခဲ့ရာတွင် ဩဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင်(စိစစ်ဆဲ)ဦးဆောင်သည့် PDF အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အင်အား ၃၀ ဦးခန့်မှာ လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဉူးကောဝံသ (၇၄)နှစ်၊ ဝါတော်(၅၄)ဝါအား ဒလန်ဟု စွပ်စွဲကာ တူမီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဉူးကောဝံသတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိ သည်။