မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မူကြိုကျောင်းဆောင် အဆောက်အဦအား မီးရှို့ဖျက်ဆီးသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအုပ်စု၊ ကျွန်းပြား ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းမှ မူကြိုကျောင်းဆောင် အဆောက်အဦသည် ဇွန် ၁ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါစာသင် ကျောင်းအား မီးရှို့ခဲ့သူများမှာ အဆိုပါကျောင်းတွင် အလယ်တန်းပြအဖြစ် တာဝန်ထမ်း ဆောင်နေသည့် ဒေါ်အေးမြင့်ရီ(ဘ)ဦးပြူး နှင့် တိုးဝင်း(ဘ)ဦးကြည်အေး တို့ဖြစ် ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ ကျေးရွာအတွင်းရှိ ၎င်းတို့၏ နေအိမ်များတွင် သွားရောက်ဖမ်းဆီးခဲ့ရာ ကျောင်းများ အား မီးရှို့ဖျက်ဆီးမည့်စာသားများ၊ ကျောင်းတက်နေသည့် ကလေးများအား အသက် အန္တရာယ်ခြိမ်းခြောက်ထားသည့် စာသားများပါ စာရွက်များဖြင့် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူအား တရားဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန်ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။