မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံ အပန်းဖြေဉယျာဉ် ပန္နက်တင်မင်္ဂလာပြုလုပ်

မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရတနာပုံ အပန်းဖြေဉယျာဉ် ပန္နက်တင်မင်္ဂလာပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂
    
မန္တလေးတိုင်းဒေသကြိး၊ မန္တလေးကျုံးနှင့် နန်းမြို့ရိုးကြားတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ရတနာပုံအပန်းဖြေဉယျာဉ် ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်း တွင် အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနှင့် ၂၆ လမ်းထောင်ရှိ နန်းမြို့ရိုးတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်တင် ခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့အား ရတနာပုံအပန်းဖြေဉယျာဉ်တည်ဆောက်မည့် အခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။
    
အဆိုပါ ရတနာပုံအပန်းဖြေဉယျာဉ်အား အရှေ့အရပ်တွင် ဦးထိပ်ရတနာပုံ ဉယျာဉ်၊ အနောက်အရပ်တွင် စည်ရှင်ရတနာပုံဉယျာဉ်၊ တောင်အရပ်တွင် ကျော်မိုး ရတနာပုံဉယျာဉ်နှင့် မြောက်အရပ်တွင် လေးသိန်းရတနာပုံဉယျာဉ်တို့အား အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။