မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၇

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြိး၊ မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်ကြွစွာ ကူညီပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန် ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ဝင်းနိုင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။