မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့အား အကြမ်းဖက်သူများက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့အား အကြမ်းဖက်သူများက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

နေပြည်တော်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကိုပါ ပျက်ပြား စေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၉ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ ကိုဗစ်-၁၉ ရောဂါနယ်ကျော်စစ်ဆေးရေးဂိတ်၌ အကြမ်းဖက်သူများက ချိန်ကိုက်မိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါ ကိုဗစ်-၁၉ ရောဂါနယ်ကျော်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် စဉ် စစ်ဆေးရေးနေရာ၏အနောက်ဘက် အုတ်တံတိုင်းနှင့် သစ်ပင်အနီး ကြိုတင်စီစဉ် ထားသော ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဉီးနှင့် စေတနာ့ ဝန်ထမ်း ပြည်သူတစ်ဉီး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဉီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂ ဉီးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် နယ်မြေခံတပ်မတော် ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါ အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။