မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသိုလှောင်သည့်နေရာများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းသိုလှောင်သည့်နေရာများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ၊ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ် ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မန္တလေးမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့် နေရာများသို့ မြေပြင်ကွင်းဆင်းကာ ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ စနစ်တကျထားရှိမှု အခြေအနေများ၊ နေ့စဉ်ဆေးဝါးရောက်ရှိဖြန့်ဖြူး လက်ကျန်စာရင်းများနှင့် မြေပြင်လက်ကျန် မှန်ကန် မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးကြည့်ရှုခြင်း၊‌မြေပြင်အခြေအနေတွင် ဆေးဝါးများပြတ်လပ်မှုအခြေအနေ များ ရှိ/မရှိ နှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းရာနှင့် ဖြန့်ဖြူးရောင်းချရာတွင် အခက်အခဲမရှိ စေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချြခင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နှင့်သိုလှောင်ခြင်း၊ တရားမဝင်ကုန် ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ဩဂုတ်လ ၁၄ ရက်နှင့် ယနေ့တို့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ် မတ်ရေးအဖွဲ့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ် အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးရဲတပ် ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ဖြင့် ဖွဲ့စည်း ထားကြောင်းသိရသည်။

၎င်းအပြင် မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်အားလုံးတွင်လည်း ခရိုင်/မြို့နယ်အဆင့် အဖွဲ့ များလည်းဖွဲ့စည်းထားရှိပြီး နေ့စဉ် ဆေးဆိုင်များဖွင့်လှစ်မှု ရှိ/မရှိ ၊ ဆေးဝါးဈေးနှုန်းအခြေအနေ၊ စည်း ကမ်းစနစ်တကျ ရောင်းချမှု ရှိ/မရှိ တို့ကို ခရိုင်/မြို့နယ်အလိုက် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။